Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီ ကောင်းကျိုးများ ပညာပေးရန် အင်ဒိုနီးရှား ဆောင်ရွက်

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ လုပ်ငန်းကဏ္ဍသည် တောပြုန်းစေသည်ဟု ဆိုကာ

ကမ္ဘာတလွှားရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ ပစ်မှတ်ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
အင်ဒိုနီးရှားမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားသူများကလည်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များထဲမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားသူများက ဆန့်ကျင်ကြသည်။

အင်ဒိုနီးရှားသည် စားအုန်းဆီ ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ စီးပွားရေးကဏ္ဍတစ်ရပ်ဖြစ်သဖြင့် အစိုးရက ကာကွယ်ပေးရန်အတွက် စားအုန်းဆီလုပ်ငန်းကဏ္ဍအပေါ် အကောင်းမြင်ကြအောင် ဆိုရှယ်မီဒီယာကမ်ပိန်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဆီအုန်း စိုက်ခင်းလုပ်ကိုင်သည့် တောင်သူလယ်သမားများ၊ ကျောင်းဆရာဆရာမများကို ဆိုရှယ်မီဒီယာ ကမ်ပိန်းအတွက် သင်တန်းများ ပို့ချပေးလျက်ရှိသည်။

စားအုန်းဆီကို စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ သုံးစွဲကြသည်။ ဆပ်ပြာကဲ့သို့သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများလည်း သုံးစွဲကြသည်။ သို့သေည် ဆီအုန်းပင်များ စိုက်ပျိုးရန် တော်မီးရှို့ပြီး မြေရှင်းလင်းကြသည့် အစဉ်အလာကြောင့် လေထု အကြီးအကျယ် ညစ်ညမ်းသည်။ တော်ပြုန်းသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားများက ပြစ်တင်ဝေဖန်ကြသည်။

အင်ဒိုနီးရှားသည် တတိယအကြီးဆုံး မုတ်သုန်သစ်တော တည်ရှိရာနိုင်ငံဖြစ်သည်။ သဘာဝတောရိုင်းတိရစ္ဆာန်များ မှီခိုနေထိုင်ရာ တောအုပ်များ တည်ရှိသည်။
၂၀၁၉ ခုနှစ်တွင် အနည်းဆုံး ဟက်တာ ၁.၆ သန်း မြေရှင်းလင်းခဲ့ရာဥ တောမီးရှို့ခဲ့ကြသည်။ မီးခိုးထုကြီးများသည် အင်ဒိုနီးရှားနိုင်ငံကိုသာမက အိမ်နီးနားချင်းနိုင်ငံများကိုပါ ဖုံးလွှမ်းခဲ့သည်။
တောမီးလောင်သည့် ဖြစ်ရပ်များတွင် သုံးပုံတစ်ပုံသည် ဆီအုန်းစိုက်ခင်းများ စိုက်ပျိုးရန် တော်မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဆီအုန်းလုပ်ငန်းကဏ္ဍသည် နိုင်ငံသား ၁၅ သန်းကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးထားသော လုပ်ငန်းကဏ္ဍဖြစ်ပြီး ပြည်ပပို့ကုန်ကဏ္ဍတွင် ၁၃% ဝန်းကျင်သည် စားအုန်းဆီကဏ္ဍမှ ပို့ကုန်များ ဖြစ်သဖြင့် ဆီအုန်းလုပ်ငန်းကဏ္ဍကို အကာအကွယ်ပေးရသည်မှာ သဘာဝ ကျပေသည်။
Smallholder Farmers Association နှင့် Indonesia's Teachers Association တို့နှင့် ပူးပေါင်းကာ စားအုန်းဆီ အကျိုးကျေးဇူးများကို ဆိုရှယ်မီဒီယာများတွင် တင်ပြရန် အတွက် အသင်းဝင်များကို သင်တန်းများ ပို့ချပေးသည်။ စားအုန်းဆီ ဆန့်ကျင့်သူများက တစ်ဖက်သတ် တင်ပြချက်များကို အကျိုးသင့်အကြောင်းသင့် ရှင်းပြတတ်အောင် သင်ပြပေးသည်။

အင်ဒိုနီးရှားနိုင်ငံမှ ထုတ်လုပ်သော စားအုန်းဆီ၏ သုံးပုံတစ်ပုံကို ပြည်တွင်းမှာ စားသုံးသည်။ စားသုံးနှုန်း မြင့်တက်လာနေပေရာ ၂၀၂၅ ခုနှစ်တွင် ၄၀% အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ၂၀၃၀ တွင် စားအုန်းဆီကို ဘိုင်အိုဒီဇယ်အဖြစ် သုံးစွဲရန် အစီအစဉ် ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု ၇၀% ဖြစ်လာလိမ့်မည်။

 

 

Read times Last modified on Tuesday, 23 November 2021 12:34
Rate this item
(0 votes)