Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ဈေးကွက် ကော်ဖီစေ့ ဈေးကောင်းနေဆဲ

ကမ္ဘာ့ဈေးကွက် ကော်ဖီစေ့ ဈေးကောင်းနေဆဲ

ကမ္ဘာ့ကော်ဖီစေ့ ဈေးကွက်ထဲမှာ ဝယ်လိုအားကို ပြည့်မီအောင် မဖြည့်တင်းနိုင်တဲ့အတွက် ကော်ဖီစေ့ ဈေးနှုန်းများ မြင့်တက်နေပါတယ်။

ကမ္ဘာ့ကော်ဖီ ကုန်ချော ထုတ်လုပ်မှုမှာ ၆၀% ဝန်းကျင်က arabica ကော်ဖီစေ့ကို အသုံးပြုကြပါတယ်။ ရာသီဥတု ဖောက်ပြန်ဆိုးဝါးခဲ့လို့ arabica ကော်ဖီစေ့ အထွက်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၂၂ မှာလည်း လာနီညာ ကြောင့် ကော်ဖီစေ့ အထွက်နှုန်းကို ထိခိုက်စေဦးမှာ ဖြစ်ပါတယ်။
ဈေးကွက်ထဲ ပုံမှန်ပြန်ဖြစ်ဖို့ နှစ်အနည်းငယ် ကြာဦးမှာ ဖြစ်ပါတယ်။

Arabica ကော်ဖီစေ့ ဈေးမြင့်နေချိန်မှာ ကွန်တိန်နာသင်္ဘောတန်ဆာခနှုန်းထားများ မြင့်တက်နေတဲ့အတွက် ကော်ဖီစေ့ ဆိပ်ကမ်းအရောက် ဈေးပိုကြီးနေစေပါတယ်။

ကွန်တိန်နာဆိပ်ကမ်းတွေမှာ သင်္ဘောတွေပြည့်ကျပ်နေလို့ ဆိပ်ကမ်းကပ်ဖို့ ရက်ကြာကြာ စောင့်ရတာကြောင့် အချိန်မီ ပစ္စည်းမရတဲ့ ပြတ်လပ်မှုမျိုးလည်း ဖြစ်ပေါ်နေပါတယ်။

arabica ဈေးနှုန်းများ ယခုနှစ်အတွင်း ၈၀% မြင့်တက်ခဲ့ပါတယ်။

ကော်ဖီကော်ဖီလေှာ်သူတွေ၊ ကော်ဖီလက်လီရောင်းသူတွေမှာ အချို့က arabica အခက်အခဲကြောင့် robusta ကို အစားထိုး သုံးစွဲကြတယ်။

robusta ကို အသင့်ဖျော်ကော်ဖီထုပ်တွေမှာ အသုံးများကြတယ်။ ကာဖင်း ပါဝင်မှု ပိုများလို့ ပိုခါးတယ်။

ပြဿနာက ဘရာဇီးနိုင်ငံမှာ စတင်ပါတယ်။ ဘရာဇီးက ကမ္ဘာ့ဈေးကွက်မှာ arabica အဓိကတင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မိုးခေါင်ခြင်းနဲ့ နှင်းခဲရိုက်ခြင်းတို့ကြောင့် ကော်ဖီပင်တွေ ပျက်စီးကုန်တယ်။ အပင်အသစ် ထပ်စိုက်ထားတာတွေက အပင်ရင့်ဖို့ နှစ်အတန်ကြာ စောင့်ရဦးမယ်။ ဘူးလေးရာ ဖရုံဆင့်နေတာက ‌ေြမဩဇာ ကုန်ကျစရိတ်များ မြင့်တက်နေတဲ့အပြင် ကိုဗစ်ကြောင့် စိုက်ခင်းတွေမှာ လုပ်သား လိုသလောက် မရနိုင်တဲ့ အခက်အခဲ ကြီးမားနေပါတယ်။

arabica ကော်ဖီစေ့ ဈေးတက်လို့ robusta ကော်ဖီစေ့ အဝယ်လိုက်လာတဲ့အတွက် robusta ကော်ဖီစေ့လည်း ဈေးတက်တယ်။ ဒါပေမဲ့ robusta ရဲ့ ဈေးက arabica ဈေးရဲ့ ထက်ဝက်ဝန်းကျင်မှာပဲ ရှိတဲ့အတွက် arabica အစားထိုးအဖြစ် robusta ကို သုံးစွဲကြတယ်။
တချို့ကတော့ နှစ်မျိုးရောပြီး သုံးကြတယ်။

Arabica အရသာက စိမ့်တယ်။ cappuccinos နဲ့ lattes တို့မှာ သုံးကြတယ်။

robusta အရသာက သက်တယ်။ espresso နဲ့ အသင့်ဖျော်ကော်ဖီထုပ်တွေမှာ သုံးကြတယ်။

Robusta အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ကော်ဖီအထွက်များနေတာ ၂ နှစ်ဆက်တိုက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်တိန်နာနဲ့ တင်ပို့ဖို့ သင်္ဘောမှာ နေရာမရတဲ့ အခက်အခဲ ကြုံနေတယ်။ ဈေးကွက်ထဲ အရောက်နှေးနေတယ်။

brand ဂုဏ်ကို ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ လုပ်ငန်းတွေအနေဖြင့် သူတို့ရဲ့ ပရီမီယံကော်ဖီမှာ robusta ရောထည့်ဖို့ စိတ်ကူးမရှိဘူး။ လက်လီရောင်းဈေးကို ဈေးတက်ဖို့ပဲ စီစဉ်ကြမှာ ဖြစ်ပါတယ်။

 

 

Read times
Rate this item
(0 votes)