Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီး အလျှံပယ် ထွက်သဖြင့် ရောင်းဈေး ကျဆင်း

တောင်ကိုရီးယားမှာ လတ်ဆတ်ပန်းသီး ထုတ်လုပ်မှု တန်ချိန် ၄၇၇,၂၀၀ မက်ထရစ်တန် ရှိမယ်လို့ ခန့်မှန်းပါတယ်။

ယခင်နှစ်ထက် ၁၃% ပိုထွက်မှာ ဖြစ်ပြီး ယခုနှစ် ရာသီဉတု အဆင်ပြေလို့ အထွက်နှုန်း ပိုများတဲ့အပြင် စိုက်ပျိုးဧရိယာလည်း ပိုများပါတယ်။
အပွင့်များ ပွင့်ချိန်၊ အသီးတင်ချိန်တို့မှာ ရာသီဉတု ကောင်းမွန်ခဲ့ပါတယ်။
စိုက်ခင်းဧရိယာ ၀.၁ ဟက်တာမှာ ၁,၄၂၇ ကီလိုဂရမ် ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။

unnamed_4.png

စိုက်ခင်းဧရိယာက ၃၃,၄၃၉ ဟက်တာ ရှိပါတယ်။
ယခင်နှစ်ထက် ၅.၈% ပိုများပါတယ်။

မနှစ်က ပန်းသီး၊ သစ်တော်သီး၊ မက်မွန်သီး၊ စပျစ်သီး၊ တည်သီး အကုန်လုံး ထွက်နှုန်းကျလို့ ရောင်းအားထက် ဝယ်လိုအား ပိုများနေလို့ ဈေး‌ေကာင်းရရှိခဲ့ပါတယ်။

ယခုနှစ်မှာတော့ ဝယ်လိုအားထက် ထွက်ရှိမှုက ပိုများနေလို့ ဈေးကျလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၅ မှ ၂၀% အထိ ဈေးကျလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Read times
Rate this item
(0 votes)