Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူရင်းဩဇာ အမှည့်ခံ အေးခဲနည်းပညာ စတင် အသုံးပြု

ဒူရင်းဩဇာ အမှည့်ခံ အေးခဲနည်းပညာ စတင် အသုံးပြု

တိုင်ဝမ်မှ တင်ပို့နေတဲ့ ဒူးရင်းဩဇာသီးတွေကို တရုတ်ပြည်က တင်သွင်းခွင့် ယာယီရပ်ဆိုင်းထားပါတယ်။
ဒူးရင်းဩဇာသီး ဝယ်ယူမယ့် နိုင်ငံအသစ်များကို ရှာဖွေကြရပါတယ်။
တစ်ချိန်တည်းမှာပဲ ဆွတ်ခူးပြီးတဲ့ ဒူရင်းဩဇာသီးတွေကို လတ်လတ်ဆတ်ဆတ် အခြေအနေဖြင့် ရက်ကြာကြာ ထားနိုင်မယ့် နည်းပညာကို ရှာဖွေခဲ့ကြပါတယ်။
ဒူရင်းဩဇာ အမှည့်ခံ အေးခဲနည်းပညာကို ရရှိခဲ့ကြပါတယ်။

unnamed_9.png

အခက်ကြုံနေရတဲ့ ဒူးရင်းဩဇာ စိုက်ပျိုးထုတ်လုပ်သူတွေ နည်းပညာကို အခမဲ့ အသုံးပြုခွင့်ကို ၂၀၁၄ ဇွန်လအထိ ပေးအပ်ထားမှာ ဖြစ်ပါတယ်။

တရုတ်ပြည် မပို့ရတဲ့ ဒူရင်းဩဇာတွေအနက် ပေ ၄၀ ကွန်တိန်နာ တစ်လုံးစာကို ဟာဝါအီသို့ ယခု ဒီဇင်ဘာလမှာ ပေးပို့မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသို့ ပေ ၄၀ ကွန်တိန်နာ ၂ လုံးစာ တင်ပို့ဖို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။

နည်းပညာသစ်မှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းအတွက် နည်းပညာက အသီးဆွတ်ခူးပြီးနောက် ၃ ရက်အတွင်း အသီးမှည့်အောင် လုပ်ပေးပါတယ်။ ြပီးရင် မြန်မြန်ဆန်ဆန်အေးခဲ နည်းပညာဖြင့် အသီးတွေကို အေးခဲပါတယ်။ အနုတ် ၄၀ ဒီဂရီ စဲဆီးယပ်စ် ဖြင့် အေးခဲစေတယ်။ အသားနုနုတွေ ထိခိုက်ပျက်စီးမှု မရှိ၊ အရသာလည်း မထိခိုက်စေဘဲ အေးခဲပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။ လတ်ဆတ်အသီးရဲ့ အသားနူးညံ့ပုံအတိုင်း ဆက်ရှိနေပြီး အရသာလည်း အတူတူပဲ ဖြစ်နေပါတယ်။
အသီးရဲ့အခွံမျက်နှာပြင်ကလည်း စိမ်းနေပါတယ်။ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဘက်တီးရီးယားတွေကိုလည်း ပိုးသတ်ပေးပါတယ်။ လုပ်ငန်းစဉ် အဆုံးသတ်မှာ လေလုံအောင် အကြည်သားနဲ့ ထုပ်ပိုးပေးပါတယ်။
လက်ဖြင့် အစေ့ထုတ်ထားတဲ့ ဒူရင်းဩဇာသီးတွေကိုလည်း အလားတူပင် တာရှည်ထားလို့ ရအောင် စီမံပေးတဲ့အတွက် တိုင်ဝမ်ဒူးရင်းဩဇာသီးတွေ အတွက် အနာဂတ် အလားအလာ ကောင်းသွားစေခဲ့ပါတယ်။

unnamed_10.png

 

Read times Last modified on Monday, 06 December 2021 11:20
Rate this item
(0 votes)