Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဘရာဇီးဖရဲ တရုတ်ဈေးကွက်ထဲ စမ်းသပ်တင်သွင်း

ဘရာဇီးနိုင်ငံမှ တရုတ်ဈေးကွက်သို့ ပထမဆုံးဖရဲသီး တင်ပို့ခြင်းအဖြစ် ဘရာဇီးဖရဲသီးများ စတင်တင်ပို့ခဲ့ပြီး

တရုတ်ဝယ်လက်များ စိတ်ဝင်တစား ရှိကြသော်လည်း ဘရာဇီးဖရဲ ဈေးကွက်အခြေအနေ မသိရသေးသဖြင့် အစမ်းသဘောသာ တင်သွင်းတဲ့အတွက် ပမာဏ မများပြားချေ။

ဘရာဇီးဖရဲကို လုပ်ကိုင်သော RK Growers Srl မှ Kevin Au Yeung က အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ ဥရောပ ဈေးကွက်ထဲမှာ Agricola Famosa နဲ့ အတူလုပ်ကိုင်လာကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ အခု Famosa က RK Growers အတူလက်တွဲပြီး အာရှဈေးကွက်ထဲ တိုးချဲ့မယ်။ Famosa က ဘရာဇီးမှာ ဖရဲသီး အများဆုံးတင်ပို့တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား နှစ်စဉ် အမြောက်အမြား တင်ပို့ပါတယ်။ အခုနှစ်မှာတော့ Famosa က တရုတ်ပြည်ကို ဖရဲသီး ကွန်တိန်နာတစ်လုံး ပထမဆုံးအကြိမ် တင်ပို့ပါတယ်။ ရောက်လာတဲ ဖရဲသီးတွေကို Dole China က တာဝန်ယူပြီး ပြန်လည်ထုပ်ပိုးခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ဖြန့်ချီခြင်း စတာတွေကို လုပ်ဆောင်ပါတယ်။ အခုနှစ် ရာသီမှာ အာရုံစိုက်ထားတာက Famosa ရဲ့ အထူးသီးသန့် ဖရဲသီးမျိုးဖြစ်တဲ့ 'Dino' ကို ဈေးကွက်ထဲမှာ လူသိများအောင် မြှင့်တင်ဖို့ ဖြစ်ပါတယ်။ Dole China က အစမ်းသဘော ကွန်တိန်နာတစ်လုံးစာ ဘရာဇီးဖရဲသီး တင်သွင်းထားတယ်။ ဈေးကွက်ထဲမှာ လူကြိုက်များကြတာ တွေ့ရတယ်။ အခုနှစ်အတွက် ပထမဆုံး ကွန်တိန်နာက ဒီဇင်ဘာလထဲမှာ ဆိုက်ရောက်ပါမယ်”

ယခင်နှစ်က ဘရာဇီးမှ တင်သွင်းရာတွင်အဆင်မပြေခဲ့ကြချေ။ ဘရာဇီးတွင် ဖရဲသီးများ သယ်ပို့ပြောင်းရွှေ့သည်မှ အတော်နှေးနေတာကို ကြုံကြရတယ်။ တရုတ်ကုမ္ပဏီတချို့က အမှစာတွေ ရုပ်သိမ်းလိုက်ကြတယ်။
“ဘရာဇီး ဖရဲသီးက ပရီမီယံအသီး ဖြစ်တော့ ပရီမီယံဈေးနှုန်းတွေနဲ့ ရောင်းပါတယ်။ အချို့ဖရဲတွေက ဘရာဇီးကနေ တရုတ်နိုင်ငံကို လေကြောင်းကုန်စည်ဖြင့် ပေးပို့တော့ သယ်ပို့စရိတ် များတယ်။ ဒီတော့ ရောင်းဈေးလည်း များတယ်။ အခု ကျွန်တော်တို့က 'Dino' ဖရဲမျိုးကို စမ်းသပ်တယ်။ သူက ပင်လယ်ခရီးကြန့်ကြာတာကို ခံနိုင်ရည် ရှိတယ်။ ဈေးနှုန်း၊ အရသာတို့က တရုတ်ဈေးကွက်အကြိုက် အံကိုက်ပဲ။ အရည်အသွေးလည်း ကောင်းတယ်” လို့ Kevin Au Yeung က ပြောပြပါတယ်။
'Dino' ဖရဲသီး ဈေးကွက်အလားအလာကို သူက အခုလို သုံးသပ်ပါတယ်။
“ ဘရာဇီးကတေ 'Dino' ဖရဲသီး ရောက်လာတဲ့အချိန်က တရုတ်ပြည်တွင်းမှာ အထွက်နည်းတဲ့ကာလနဲ့ တိုက်ဆိုင်နေတယ်။ တစ်နှစ်တာမှာ အဲဒီအချိန်ကာလအတွင်း ဟိုင်နန်ဖရဲ နည်းနည်းပါးပါးပဲ ဈေးကွက်ထဲကို ဝင်တယ်။ ဖရဲရာသီမဟုတ်လို့ ပြည်တွင်းဈေးကွက်မှာ ဖရဲ ရှားနေတဲ့အချိန် 'Dino' ဖရဲသီးတွေ ရောက်လာတယ်။ နောက်တစ်ချက်က တရုတ်ဈေးကွက်ထဲ မြန်မာ၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ ဘရူနိုင်းနှင့် ဘရာဇီးတို့ထံမှ ဖရဲသီး တင်သွင်းခွင့် နည်းနည်းပါးပါးပဲ ရတယ်။ အထူးသဖြင့် မြန်မာဖရဲက အများအပြား ဝင်နေကြဖြစ်ပြီး အရည်အသွေး အလယ်အလတ်တန်းမှာ ရှိပါတယ်။ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ ဘရူနိုင်း တို့ထံမှ နည်းနည်းပါးပါးပဲ ဝင်တယ်။ သူတို့မှာ တင်ပို့ဖို့ အခက်အခဲတွေ ရှိတယ်။ အရည်အသွေး မပုပ်သိုးမပျက်စီးအောင် ထိန်းဖို့ အခက်အခဲတွေ ရှိတယ်။ ဒီတော့ 'Dino' အတွက် အခွင့်သာနေစေတယ်”

ဘရာဇီးဖရဲတို့ အာရှကို အောက်တိုဘာလမှ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းပိုင်းအထိ တင်ပို့နိုင်ပြီး ဘရာဇီးမှာ မိုးရာသီစတင်တဲ့အခါ တင်ပို့မှု ရပ်ဆိုင်းသွားပါတယ်။

 

Dino01_1.jpg

Read times
Rate this item
(0 votes)