Fruits & Vegetables



ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသသစ်သီးစာရင်းဝင် ဒူးရင်း

ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသသစ်သီးစာရင်းဝင် ဒူးရင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နိုင်ငံတကာ အစားအသောက် မဂ္ဂဇင်း Taste Atlas က ဒူးရင်းသီးကို "ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသသစ်သီးစာရင်း"ထဲမှာ ထည့်သွင်းထားပါတယ်။ 

ဒူရင်းသီးကို "အသီးဘုရင်'"king of fruit" လို့ အရှေ့တောင်အာရှမှာ သတ်မှတ်ထားကြပါတယ်။

ဒါပေမဲ့ အနံ့ပြင်းထန်တာကြောင့် ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသ အသီး (၁၀)မျိုးထဲမှာ ပါဝင်နေပါတယ်။

.

ဒူးရင်းကို ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှားတို့လို အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးကြပြီး ဒူးရင်းသီးဟာ အရွယ်အစားကြီးမားပြီး အနံ့ပြင်းပြင်းနှင့် ဆူးဖုံးနေသောကြောင့် တစ်မူထူးခြားနေပါတယ်။

.

"ကြီးမားပြီး စူးများပါသော အပြင်ဘက်အခွံ အထဲတွင် မွတ်ညက်နူးညံ့သော အသား ရှိနေသည်။ အသင့်အတင့် ချိုစိမ့်သော အရသာကို ပိုင်ဆိုင်ထားသည်။ မယုံနိုင်လောက်အောင် အုန်အောက်သောအနံ့အသက်ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်"လို့ Taste Atlas က ဆိုထားပါတယ်။

.

ဒူးရင်းသီး အနံ့ပြင်းတာကြောင့် အာရှတစ်လွှားရှိ နိုင်ငံအများအပြားတို့မှာ အများသူငှာ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်များနှင့် အခြားအလုံပိတ်နေရာများတွင် ဒူးရင်းသီး ယူမလာဖို့ တားမြစ်ထားကြပါတယ်။

 .

သို့သော်လည်း ဒူရင်းသီးကို လူကြိုက်များပါတယ်။ ဒူးရင်းသီးကို ကိတ်မုန့်နှင့် မုန့်ထုပ်များ၊ ရေခဲမုန့်များ၊ အကြော်များ၊ tempoyak (ဒူးရင်းချဉ်)၊ ထိုင်းစတိုင် အချိုဟင်းချိုများကဲ့သို့သော အထူးဟင်းလျာများကို ပြင်ဆင်ရာမှာ အသုံးပြုကြပါတယ်။

ဗီယက်နမ်မှာ ဒူရင်းသီးကို ကင်စားကြပါတယ်။

 


အပြည့်အစုံဖတ်ရှုရန်

အနံ့ အရသာ ထူးကဲတဲ့ ဒူရင်းကင်

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/5848


နဂါးမောက်သီးကိုလည်း "ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသသစ်သီးစာရင်း"ထဲမှာ ထည့်သွင်းထားပါတယ်။ 

ဒါပေမဲ့ Taste Atlas က ထုတ်ပြန်တဲ့ အာရှ လူကြိုက်အများဆုံး အသီး (၁၀) မျိုးစာရင်းမှာတော့ ဒူရင်းသီးက နံပါတ်(၁) လူကြိုက်အများဆုံး ဖြစ်ပါတယ်။

လိုင်ချီးသီးက  လူကြိုက် ဒုတိယအများဆုံး ဖြစ်ပါတယ်။ 

မင်းဂွတ်သီးက လူကြိုက် တတိယအများဆုံး ဖြစ်ပါတယ်။ 

Source Taste Atlas

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 28 March 2023 19:00
Rate this item
(0 votes)