Fruits & Vegetables



မြန်မာမှ တရုတ်သို့ တင်ပို့မည့် စားသောက်ကုန် (၂,၀၀၀) နီးပါး GACC မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး စားသောက်ကုန်များ တင်ပို့နေသည့် ကုမ္ပဏီများထဲမှ ကုန်စည်အစောင်ရေ (၁,၈၅၄) စောင်ကို GACC မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂ဝ၂၃ ခုနှစ် မေလ (၂၆) ရက်နေ့အထိ ကုမ္ပဏီ (၁,၁၅၅) ခုမှ အစောင်ရေ (၂,၁၉၄) စောင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) သို့ မှတ်ပုံတင်နိုင်ရေး လျှောက်ထားခဲ့သည်။

 

ထို့နောက် GACC တွင် Competent Authority ထောက်ခံချက် လိုအပ်နေသော ကုန်စည်အုပ်စုနှင့် ကိုယ်တိုင် ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စု အပါအဝင် စုစုပေါင်း အစောင်‌ရေ (၁,၈၀၀) ကျော်ကို ယခုကဲ့သို့ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ ကုန်စည်အုပ်စုများထဲတွင် ကော်ဖီစေ့နှင့် ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက် အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ ပဲမျိုးစုံ၊ ဆီထွက်အပင်များ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရိစ္ဆာန်နှင့် အပင်မူရင်းများ ပါဝင်သည်။

 

     Advertisement

Click Here > United

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများ၏ မှတ်ပုံတင်ခြင်း ဆိုင်ရာအတွက် တရုတ်နိုင်ငံ GACC အောက်ရှိ Department of Animal and Plant Quarantine ဌာနမှ ကုန်စည်အုပ်စု (၇) မျိုးကို တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

 

အထက်ပါကုန်စည်များအတွက် မှတ်ပုံတင်စနစ်ကို Manual စနစ်ဖြင့် လျှောက်ထားရမည် ဖြစ်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီလုပ်ငန်းများမှ ကိုင်တိုင် ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည် ဖြစ်သည်။

 

လျှောက်ထားမှုများကို စာ (သို့မဟုတ်) အီးမေးလ်ဖြင့် dapq@customs.gov.mm သို့ ပေးပို့နိုင်သကဲ့သို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံတွင် ရှိသည့် မြန်မာသံရုံးမှတဆင့် လူကိုယ်တိုင် ပေးပို့ လျှောက်ထားနိုင်သည်ဟု သိရသည်။

 

Read times Last modified on Tuesday, 06 June 2023 17:31
Rate this item
(0 votes)