Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အန္ဒိယ ဝယ်လက်များ စားအုန်းဆီကို လက်ရှောင်

အန္ဒိယ ဝယ်လက်များ စားအုန်းဆီကို လက်ရှောင်

စားအုန်းဆီ ကမ္ဘာ့အများဆုံးတင်သွင်းသည့် အိန္ဒိယနိုင်ငံက စားအုန်းဆီဈေး မြင့်မားနေသဖြင့် အမှာစာများ ရုပ်သိမ်းကြသည်မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တန်ချိန် ၁ သိန်းအထိ ရှိခဲ့သည်ဟု အန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက် ဟင်းသီးဟင်းရွက်ဆီ ကုန်သည်ပွဲစားလုပ်ငန်းစု Sunvin Group ၏ စီအီးအို Sandeep Bajoria က ပြောကြားသည်။
"အဲဒီ ဈေးအမြင့်တွေမှာ ကျွန်တော်တို့ မဝယ်နိုင်ဘူး။ ဝယ်လိုအား ဖျက်ဆီးပစ်တာ ဖြစ်ပွားနေတယ်" ဟု သူက မှတ်ချက်ပြုသည်။

စားဆီဈေးနှုန်း မိုးထိအောင် မြင့်မားနေလျှင် စားသုံးသူများက လျှော့ဝယ်ကြလိမ့်မည်။ မတတ်နိုင်တော့သဖြင့် မဝယ်ဘဲ နေလိမ့်မည်။

အိန္ဒိယသည် ပြည်တွင်း စားဆီ သုံးစွဲမှု၏ ၆၀% ကို ပြည်ပမှ တင်သွင်းပြီး ဖြည့်ဆည်းရသည်။
အဓိကအားဖြင့်
စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှားမှ လည်းကောင်း၊
ပဲပုပ်ပဲဆီကို အာဂျက်တီးနားနှင့် ဘရာဇီးမှ လည်းကောင်း၊
နေကြာဆီကို ယူကရိန်းနှင့် ရုရှားမှလည်းကောင်း ဝယ်ယူသည်။ ယခုအခါ ရုရှားက ယူကရိန်းကို ကျူးကျော်သဖြင့် ထိုနှစ်နိုင်ငံထံမှ နေကြာဆီ မရနိုင်တော့ချေ။

လက်ထဲရှိသည့် စားဆီနှင့် ပြည်တွင်းထွက်စားဆီတို့ကိုသာ အားထားကြမည် ဖြစ်သည်။
လက်ထဲရှိသည့်စားဆီသည် ၄၅ ရက်စာ ဖူလုံသည်ဟု Bajoria က ပြောကြားသည်။

အိန္ဒိယသည် ဖေဖော်ဝါရီလတွင် စားအုန်းဆီ တန်ချိန် ၅၂၅,၀၀၀ တင်သွင်းခဲ့သည်။ ယခု မတ်လတွင် တန်ချိန် ၅၀၀,၀၀၀ သို့ လျှောဆင်းသွားမည်ဟု Bajoria က ခန့်မှန်းသည်။ ဧပြီလတွင် ထပ်လျော့ကျဦးမည်ဟု သူက ဆိုသည်။

စားအုန်းဆီ ဈေးမြာက်နေသဖြင့် ပဲပုပ်ဆီကို ပိုမို တင်သွင်းကြသည်။ ဖေဖော်ဝါရီလတွင် တန်ချိန် ၃၄၅,၀၉၄ တင်သွင်းခဲ့ပြီး ယခုမတ်လတွင် တန်ချိန် ၄၀၀,၀၀၀ ဝန်းကျင်အထိ ရှိလိမ့်မည်ဟု Bajoria က ပြောကြားပါသည်။

Read 893 times Last modified on Saturday, 05 March 2022 15:10
Rate this item
(0 votes)