Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား စားအုန်းဆီကြမ်း ၄ ရက်ဆက်တိုက် ဈေးကျ

မလေးရှား စားအုန်းဆီကြမ်း ၄ ရက်ဆက်တိုက် ဈေးကျ

မလေးရှား ကြိုပွိုင့် အရောင်းအဝယ်တွင် စားအုန်းဆီကြမ်း ၄ ရက်ဆက်တိုက် ဈေးကျဆင်းခဲ့ရာ ၁၃% လျော့ကျသွားသည်။
ရေနံဈေး ကျဆင်းခြင်း၊ ကမ္ဘာပေါ်တွင် စားအုန်းဆီအများဆုံး စိုက်ပျိုးထုတ်လုပ် တင်ပို့သည့်နိုင်ငံဖြစ်သာ အင်ဒိုနီးရှားမှ တင်ပို့မှု ပမာဏ များလာနိုင်သည်ကို အခြေအနေ သောင့်ကြည့်နေကြခြင်းတို့ကြောင့် ဈေးအမြင့်ဖြင့် ကြိုပွိုင့် ဝယ်လိုအား အားပျော့နေသည်။

မေလအတွက် ကြိုပွိုင့်ဈေးနှုန်း တစ်တန် ရင်းဂစ် ၅,၉၉၆ သို့ ကျဆင်းခဲ့သည်။

အင်ဒိုနီးရှား တင်ပို့မှု များလာနိုင်ခြင်း၊ မလေးရှား ထုတ်လုပ်မှု မြင့်တက်လာခြင်းတို့က ဈေးကျအောင် ဖိအားပေးထားသည်ဟု Kaleesuwari Intercontinental မှ ကြိုရောင်းကြိုဝယ် မဟာဗျူဟာမှူး Gnanasekar Thiagarajan က ပြောကြားသည်။

ကမ္ဘာပေါ်တွင် စားအုန်းဆီ ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ် တင်ပို့သည့်နိုင်ငံဖြစ်သည့် မလေးရှားမှ မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ယခင်လထက် ၁၅% ပိုမိုထုတ်လုပ်ခဲ့ပါသည်။

 


ရန်ကုန် စားဆီဈေး (၁၈ မတ် ၂၀၂၂)


လက်ကား ရောင်းဝယ်ဖောက်ကားသည့် ဈေးနှုန်းများမှာ ရန်ကုန် ကန်တင် ၆၅၀၀ နှင့် သီလဝါကန်တင် ၆၄၅၀ ဖြစ်ပါသည်။

သီလဝါ WILMAR JETTY တွင် စားအုန်းဆီ တန်ချိန် 15927 သယ်ဆောင်လာသော စားဆီ သင်္ဘော MT.THERESA LEO ဆိုက်ကပ်ပါသည်။

မြို့တွင်း ကန်အချို့ တွင် ဆီကျန် မရှိဟု သိရပါသည်။

အများစုမှာ ယခု ရက်ပိုင်းအတွင်းတွင် ရောင်းချထားပေးပြီး ဖြစ်သည်ဟု သိရပါသည်။

Read times Last modified on Saturday, 19 March 2022 10:28
Rate this item
(0 votes)