Fruits & Vegetables



ဗီယက်နမ် ဒူရင်းသီး ပြည်ပပို့ကုန်ဝင်‌ငွေ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရည်မှန်းထား

ဗီယက်နမ် ဒူရင်းသီး ပြည်ပပို့ကုန်ဝင်‌ငွေ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရည်မှန်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ် ဒူရင်းသီး ပြည်ပပို့ကုန်ဝင်‌ငွေသည် ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၃.၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သောကြာနေ့ (ဇန်နဝါရီ ၅) တွင် ပြောကြားသည်။

စိုက်ပျိုးဧရိယာ ပိုမိုများပြားလာခြင်း၊  ဒူးရင်းအထွက်နှုန်း မြင့်မားလာခြင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်အတွက် အသိအမှတ်ပြု ကုတ်နံပါတ် ရရှိထားသည့် ထုပ်ပိုးမှု အလုပ်ရုံများ ပိုများလာခြင်းတို့ကြောင့် ယခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်းဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။ 

 

ယခုနှစ်တွင် အေးခဲ ဒူရင်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် လုပ်ထုံးလုပ်နည်းများကို ဗီယက်နမ်နှင့် တရုတ်တို့ လက်မှတ်ရေးထိုးကြမည် ဖြစ်သဖြင့် ဗီယက်နမ်နိုင်ငံမှ လတ်ဆတ် ဒူရင်းသီးများအပြင် အေးခဲ ဒူရင်းများကိုလည်း တင်ပို့နိုင်လိမ့်မည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားသည်။ 

 

 ဗီယက်နမ်ဒူးရင်းကို ယခုအခါ ဈေးကွက် ရှစ်ခုသို့ တင်ပို့ပြီး ယင်းတို့အနက်  စုစုပေါင်း တင်ပို့မှု ပမာဏ၏ ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့သည်။ 

 

ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်း ပို့ကုန်ဝင်ငွေသည် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့ပါသည်။ 

 

Source thestar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 06 January 2024 21:52
Rate this item
(0 votes)