Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းတွင် ဆီကြမ်းမပါ

အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းတွင် ဆီကြမ်းမပါ

ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးမှူးများထံ ပေးပို့သည့် တရားဝင်စာအရ စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းတွင် စားအုန်းဆီကြမ်း crude palm oil CPO မပါဝင်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေး ဝန်ကြီးဌာနက ဧပြီလ ၂၅ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းတွင် စားအုန်းဆီသန့် refined, bleached and deodorized (RBD) palm olein ဖြစ်သည့် ဟင်းချက်ဆီ ပါဝင်သည်။

အင်ဒိုနီးရှားမှ စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းသည် ဧပြီလ ၂၈ ရက်တွင် စတင်သက်ရောက်မည် ဖြစ်ကြောင်း သမ္မတ ဂျိုကို ဝီဒူဒူက ကြေညာခဲ့သည်။


အင်ဒိုနီးရှား စားအုန်းဆီးအသင်း GAPKI ၏ အချက်အလက်များအရ ၂၀၂၁ တွင် ပြုပြင်စီမံထားသော စားအုန်းဆီ တန်ချိန် ၂၅.၇ သန်း တင်ပို့ခဲ့သည်။ ဆီကြမ်း CPO တန်ချိန် ၂.၇၄ သန်း တင်ပို့ခဲ့သည်။ သိုဖြစ်ရာ တင်ပို့မှု ပိတ်ပင်ခြင်းတွင် ရာခိုင်နှုန်းအများအပြား အကျုံးဝင်နေသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ တို့တွင် ပြုပြင်စီမံထားသော စားအုန်းဆီ တန်ချိန် ၃.၃၈ သန်း တင်ပို့ခဲ့သည်။ CPO တန်ချိန် ၉၀,၀၀၀ တင်ပို့ခဲ့သည်။

အင်ဒိုနီးရှားသည် ပျမ်းမျှအားဖြင့် လစဉ် RBD တန်ချိန် ၆၂၀,၀၀၀ ဝန်းကျင် တင်ပို့ပြီး CPO တန်ချိန် ၁၀၀,၀၀၀ ဝန်းကျင် တင်ပို့သည်။

Read times
Rate this item
(0 votes)