Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်ကျိုး သစ်သီးလက်ကားဈေးကြီး ပြည်ပသစ်သီးအမျိုးမျိုး ရောင်းအား အခြေအနေ

ကွမ်ကျိုး သစ်သီးလက်ကားဈေးကြီး ပြည်ပသစ်သီးအမျိုးမျိုး ရောင်းအား အခြေအနေ

 

  • ပြည်ပမှ တင်သွင်းတဲ့ သစ်သီးတွေ ပုံမှန်ရောင်းအား ရရှိပါတယ်။ 

  • ပိုရောင်ကောင်းနေတာက အမေရိကန်မှ တင်သွင်းတဲ့ လိမ္မော်ချို ဖြစ်ပါတယ်။

Guangzhou Fruit Wholesale Market ဟာ ယခုသီတင်းပတ် ၂၁ (တနင်္လာနေ့  မေလ ၂၃ ရက်မှ တနင်္ဂနွေနေ့ ၂၉ ရက်အထိ)မှာ ယခင် ၁၉ နှင့် ၂၀ သီတင်းပတ်များတုန်းကအတိုင်း ရောင်းအားအခြေအနေ မပြောင်းလဲပါဘူး။

 

2505202211161789.jpg

 

ချီလီမှ တင်သွင်းသည့် အစိမ်းရောင်  နှင့် အနီရောင် စပျစ် grape များ

 

ချီလီမှ အမည်း၊ အစိမ်းနှင့် အနီရောင် စပျစ်များ တင်သွင်းပါတယ်။ ပြည်ပမှ တင်သွင်းတဲ့ စပျစ် အများစုက ချီလီမှ လာတာ ဖြစ်ပါတယ်။ ဩစတေးလျမှ နည်းနည်းပါးပါး တင်သွင်းတာမှာ အစေ့မပါတဲ့ အနီရောင်စပျစ်ကို တင်သွင်းကြပါတယ်။ 

 

အနုတ်အသိမ်းက အကောင်းလည်း မဟုတ် အဆိုးလည်း မဟုတ် အလယ်အလတ်လောက်မှာ ရှိတယ်လို့ ကုန်သည်တစ်ဦးက ပြောပြပါတယ်။ 

 

 

 

ရှောက်၊ သံပုရာ မျိုးနွယ်ဝင် အသီးများ ဖြစ်ကြတဲ့ လိမ္မော်၊ သံပုရာ၊ ဂရိတ်ဖရု တွေကို ပြည်ပမှ တင်သွင်းရောင်းချကြတာမှာ လိမ္မော်သီးချင်း ယှဉ်လိုက်ရင် အီဂျစ်လိမ္မော်သီးထက် အမေရိကန်လိမ္မော်သီးက ပိုအဝယ်လိုက်ပါတယ်။ အရသာက ချိုလို့ လူကြိုက်များနေတာ ဖြစ်ပါတယ်လို့ ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ 

အီဂျစ်လိမ္မော်သီး လက်လီရောင်းဈေးများမှာ  တစ်ဖာကို 160 yuan [23.89 USD] ဖြစ်ပါတယ်၊ 

 

 

25052022_2.png

တောင်အာဖရိက ဂရိတ်ဖရု grapefruit

 

တောင်အာဖရိက ဂရိတ်ဖရုက ကွမ်ကျိုး သစ်သီးလက်ကားဈေးကြီးထဲ ဝင်လာတာ သိပ်မကြာသေးဘူး။ ဒါပေမဲ့ ဈေးက ကျနေပြီလို့ ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ 

တောင်အာဖရိက သံပုရာက ပြီးခဲ့တဲ့ နှစ်ပတ်ကမှ စရောက်လာပါတယ်။ လက်ရှိမှာ တစ်ဖာကို 180-230 yuan [26.87-34.34 USD] ဖြင့် ရောင်းချနေကြပါတယ်။ 

ဒီနှစ်ဝင်တဲ့ သံပုရာက ယမန်နှစ်ကထက် ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ 

အမေရိကန်သံပုရာက တောင်အာဖရိက သံပုရာထက် ခေါက်ချိုး ဈေးပိုကြီးပါတယ်။ ဈေးကြီးပေမဲ့ အဝယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးကို တောင်အာဖရိက သံပုရာထက် သာနေလို့ ဖြစ်ပါတယ်။ 

 

250520221116.jpg

 

တောင်အာဖရိက သံပုရာ (ဝဲ)နှင့် အမေရိကန်သံပုရာ (ယာ)

 

 

25052022_114.png

နယူးဇီလန် Red Rose န်းသီး

 

 

ပန်းသီးတွေက နယူးဇီလန်မှ လာပါတယ်။ Gala apple နှင့်  Red Rose apple ၂ မျိုး ဝင်တယ်။ ဈေးက အတူတူပါပဲ။ နယူးဇီလန်မှ Sonya apple ကတော့ အဝင်နည်းပါတယ်။ အခုနှစ်မှာ ပန်းသီးဈေးနှုန်းတွေက ယမန်နှစ်ထက် နည်းနည်းလေး ပိုများနေပေမဲ့ ရောင်းအား ပုံမှန် ရှိနေပါတယ်။ 

 

 

25052022_8.png

နယူးဇီလန်မှ အနီရောင် သစ်တော်သီး

 

 

နယူးဇီလန်မှ အနီရောင် သစ်တော်သီးများလည်း ဝင်ပါတယ်။ ဘယ်လဂျီယံ သစ်တော်သီးတွေလည်း ဝင်ပေမဲ့ အရောင်းရာသီချိန် ကုန်ခါနီးပြီဖြစ်လို့  အဝင်နည်းနေပြီ။ ရောက်တာနဲ့ ကုန်တာပဲလို့ ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ ဒီတော့ နယူးဇီလန်မှ အနီရောင် သစ်တော်သီးကို ဝယ်ကြတယ်။ ပုံမှန်အားဖြင့် မေလနှင့် ဇွန်လတို့မှာ ဝင်တာဆိုတော့ အခု စဝင်တဲ့လ ဝင်ခါစ ဖြစ်လို့ ပေါ်ဦးပေါ်ဖျား ဈေးကြီးနေလို့ အရောင်းနှေးပါတယ်။ 

Guangzhou Fruit Wholesale Market မှာ အရှေ့တောင်အာရှမှ သစ်သီးတွေလည်း ရောင်းချပါတယ်။ အေးခဲထားတဲ့ ဒူရင်းသီးတွေက မလေးရှားမှ တင်ပို့တာ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လည် ရနိုင်ပါတယ်။ ရောင်းအားလည်း ကောင်းပါတယ်။ သူ့ရဲ့ ပြိုင်ဘက် ထိုင်းဒူရင်းသီး ဖြစ်ပါတယ်။ 

 ထိုင်းဒူရင်းသီးက ကွမ်ကျိုး သစ်သီးလက်ကားဈေးကြီးမှာ ဈေးမငြိမ်ဘူး။ အတက်အကျ ရှိတယ်။ မလေးရှား အေးခဲဒူရင်းသီးက ဈေးငြိမ်တယ်။ 

ထိုင်းဒူရင်းသီးက လတ်လတ်ဆတ်ဆတ် ရောင်းတာဖြစ်ပြီး ရောင်းဈေးက တစ်ဖာကို 700-800 yuan [104.50 - 119.43 USD]  ဖြစ်ပါတယ်။ 

မလေးရှား အေးခဲဒူရင်းသီးက တစ်ဖာကို 1,650 [246.32 USD]  ဖြစ်ပါတယ်။

ထိုင်းဒူရင်းသီးက လတ်လတ်ဆတ်ဆတ် ဖြစ်တာက တစ်ကြောင်း၊ ဈေးသက်သာတာကတစ်ကြောင်းတို့ကြောင့် ထိုင်းဒူရင်းသီး အဝင်များပြီး ဈေးအကျဘက်ကို ရောက်နေတဲ့အခါ မလေးရှား အေးခဲဒူရင်းသီးတွေက ဈေးကြီးလို့ အရောင်း ‘အ’ သွားတတ်ပါတယ်။ 

နာနတ်သီးကို ဖိလစ်ပိုင်မှ တင်သွင်းပါတယ်။

Read times Last modified on Wednesday, 01 June 2022 12:15
Rate this item
(0 votes)