Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

 အင်ဒိုနီးရှား စားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

 

အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှု စည်းကြပ်ခွန်အမြင့်ဆုံးနှုန်းထားကို အမေရိကန်ဒေါ်လာ ၂၀၀ သို့ လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်သည်။

 

အင်ဒိုနီးရှားသည် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စားအုန်းဆီ တင်ပို့မှုအခွန်မူဝါဒအရ အပြောင်းအလဲများကို ဆောင်ရွက်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံး အခွန်နှုန်းကို တစ်တန်လျှင် ကန်ဒေါ်လာ  ၃၇၅ အစား ကန်ဒေါ်လာ၂၀၀ သို့  လျှော့ချသတ်မှတ်လိုက်ကြောင်း အင်္ဂါနေ့ (ဇွန်လ ၁၄ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

 ပို့ကုန်အရှိန်မြှင့်မှု အစီအစဉ်အတွက် အထူးနှုန်းထားများဖြင့် ကောက်ခံခြင်း ဖြစ်သည်။

 

 နှုန်းထားသစ်များသည် ထုတ်ပြန်ကြေညာသည့် အင်္ဂါနေ့ (ဇွန်လ ၁၄ ရက်) မှစတင် သက်ရောက်ပြီး ပို့ကုန် အရှိန်မြှင့်ရေး အစီအစဉ် ပြီးဆုံးချိန် ဇူလိုင် ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

 

ထို့နောက် ဩဂုတ်လ ၁ ရက်မှစ၍ စားအုန်းဆီကြမ်း ပို့ကုန်ခွန် အမြင့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို တစ်တန်လျှင် ကန်ဒေါ်လာ ၂၄၀ ဟု ပြောင်းလဲမည် ဖြစ်သည်။

 #MyanmarFoodGuide

Source: Reuters

Read times
Rate this item
(0 votes)