Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေလီသစ်သီးလက်ကားဈေး မပိတ်ပါ

ရွှေလီသစ်သီးလက်ကားဈေး မပိတ်ပါ

 

ရွှေလီသစ်သီးဈေးအတွင်း မြန်မာသရက်သီးများ ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အကယ်စင်စစ် ဈေးအတွင်း လူသူများပြား စည်ကားနေခြင်းကြောင့် ကိုဗစိကူးစက်မည့် အရေးရှိနေသဖြင် ကျန်းမာရေးဌာနမှ အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။

 

မြန်မာသရက်သီးများ ယခုနှစ်ရာသီမှာ ပြုစုပျိုးထောင်မှု အားနည်းခဲ့သဖြင့် အပုတ်အနာရောဂါ မလွတ်ကင်းများ ပါဝင်နေပါသည်။

ဝယ်လက်များက တရုတ်ပြည်တွင်း ဈေးကွက်များသို့ ပြန်လည်တင်ပို့ရန် ပြန်လည်ထုပ်ပိုးရာတွင် အပုတ်အနာ ဖယ်ရှားပြီး အသန့် ပြန်ထုပ်ပိုးရာမှာ အပုတ်အနာနဲ့အနံ့အသက်က မြင်မကောင်းရှုမကောင်း ဖြစ်နေသဖြင့် ကိုဗစ်မဟုတ်သော အခြား ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနိုင်ဖွယ် ရှိနေသဖြင့် ကျန်းမား‌ေးနှင့် ညီညွှတ်စေရန် ကျန်းမာရေးဌာနက လက်လီအရောင်းနှင့် သန့်ရှင်းရေး ကြပ်မတ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

အပုတ်အနာရောဂါ မလွတ်ကင်းခြင်းများကြောင့် ရှမ်းတောင်စိန်တလုံးများ၊ရွှေဟင်္သာများ၏ ဈေးကွက်ကို အနည်းအများထိခိုက်စေပါသည်။ 

 

ဈေးနှုန်းများမှာ 

စိန်တလုံး ယွမ် ၅၀-၁၀၀(ရှမ်း)

ရွှေဟင်္ဟာ ယွမ် ၅၀-၇၀(ရှမ်း)

ရင်ကွဲ       ယွမ် ၁၀-၅၅(မန္တလေး)

Telegram Channel

https://t.me/Guid4U/282

https://t.me/Guid4U

  

Source: Khwar Nyo Trd: Co., Ltd

 

Read times Last modified on Friday, 24 June 2022 11:13
Rate this item
(0 votes)