Fruits & Vegetables
စားအုန်းဆီ ပို့ကုန်ခွန် စည်းကြပ်မှု အင်ဒိုနီးရှား ယာယီရပ်နားထား
စားအုန်းဆီ ပို့ကုန်ခွန် စည်းကြပ်မှု အင်ဒိုနီးရှား ယာယီရပ်နားထား
အင်ဒိုနီးရှားအစိုးရက ပြည်ပတင်ပို့တဲ့ စားအုန်းဆီအပေါ် ပို့ကုန်ခွန်များကို ဩဂုတ်လ ၃၁ ရက်အထိ စည်းကြပ်ခြင်း မပြုဘဲ ရပ်နားထားမည်ဖြစ်ကြောင်း စနေနေ့ (ဇူလိုင် ၁၆)မှာ ကြေညာပါတယ်။ ပြည်ပတင်ပို့တဲ့ စားအုန်းဆီ ထုတ်ကုန်အားလုံးအကျုံးဝင်ပါတယ်။
ပို့ကုန်ခွန် ပလပ်ထားတဲ့အတွက် စာအုန်းဆီဈေးနှုန်းများ ထပ်မံကျဆင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ယခင်က ၃ ပတ်တိုင်တိုင် ပြည်ပတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် စားအုန်းဆီ ထုတ်လုပ်သူတွေရဲ့ ဆီကန်တွေမှာ ဆီတွေ များပြားကုန်ပါတယ်။
အင်ဒိုနီးရှား စားအုန်းဆီအသင်း Indonesian Palm Oil Association (Gapki) က သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ မေလကုန်မှာ ဆီလှောင်ကန်တွေထဲမှာ တန်ချိန် ၇.၂၃ သန်း ကျန်ရှိနေဆဲဖြစ်ပါတယ်။
ပြဿနာက ပြည်တွင်းဈေးကွက်မှာ တာဝန်ကျေအောင် Domestic Market Obligation DMO ရောင်းချပေးပြီးမှ ပြည်ပတင်ပို့ဖို့ ခွဲတမ်းပါမစ် ချပေးနေတာ ဖြစ်ပါတယ်။
Gapki ရဲ့ အထွေထွေအတွင်းရေးမှူးEddy Martono က "လောလောဆယ် DMO ကို ဘေးချိတ်ထားသင့်တယ်။ လက်ကျန်တန်ချိန် သုံးလေးသန်း ကျန်တဲ့အချိန်ကျမှ DMO ကို ပြန်ကျင့်သုံးသင့်တယ်" လို့ ပြောကြားပါတယ်။
"ကျွန်တော်တို့ရဲ့ လက်ငင်းပြဿနာက လက်ကျန်များပြားလွန်းနေတာပါ" လို့ ၎င်းက ပြောကြားပါတယ်။
ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က စားအုန်းဆီ အမျိုးမျိုးအပေါ် ပို့ကုန်ခွန် စည်းကြပ်ခြင်းကို စက်တင်ဘာလ ၁ ရက်မှာ ပြန်လည်ကျင့်သုံးမှာ ဖြစ်ကြောင်း၊ ရောင်းဈေး မြင့်လျှင် ပို့ကုန်ခွန်လည်း များမှာ ဖြစ်ကြောင်း၊ ပို့ကုန်ခွန် တစ်တန်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၅၅ မှ အများဆုံး ကန်ဒေါ်လာ ၂၄၀ အထိ ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
#MyanmarFoodIndustryGuide
Telegram Channel
https://t.me/Guid4U
Source Reuters



