Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဩဂုတ်လတွင် တရုတ်အားလူး အများဆုံး တင်သွင်းခဲ့သော ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်

ဩဂုတ်လတွင် တရုတ်အားလူး အများဆုံး တင်သွင်းခဲ့သော ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တရုတ်နိုင်ငံသို့ လတ်ဆတ်သော အာလူးများနှင့် အေးခဲအာလူး တန်ချိန် ၂၂၀,၃၀၀ ခန့် တင်ပို့ခဲ့ပြီး  စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၆၅ သန်း ဖြစ်ပါသည်။

 

၂၀၂၂ ဩဂုတ်လတွင် တရုတ်နိုင်ငံက လတ်ဆတ်သော အာလူးများနှင့် အေးခဲအာလူး တင်ပို့မှု  စုစုပေါင်း တန်ချိန် ၄၅,၃၉ဝ ခန့် ရှိခဲ့ပြီး ၂၀၂၂ ဇူလိုင်လတွင် စုစုပေါင်းတန်ချိန် ၅၄,၃၁၀ ခန့် ရှိခဲ့ပါသည်။

ဩဂုတ်လတွင် လတ်ဆတ်သော အာလူးများနှင့် အေးခဲအာလူး တင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅.၃၁ သန်း ဖြစ်ပါသည်။

 

၂၀၂၂ ဩဂုတ်လတွင် တရုတ်အားလူး အများဆုံး တင်ပို့ခဲ့သော ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ပါသည်။ အဆိုပ် ၁၀ နိုင်ငံမှာ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ရုရှား၊ ဘရူနိုင်း၊ နှင့် တီမောလက်စ်တေ တို့ ဖြစ်ပါသည်။

  • တရုတ်အားလူး အများဆုံး တင်သွင်းသည့် ဗီယက်နမ်နိုင်ငံသည် တန်ချိန် ၁၆,၈၇၀ ၊ အမေရိကန်ဒေါ်လာ ၂၅.၅၈ သန်းဖိုး တင်သွင်းခဲ့ပါသည်။

  • တရုတ်အားလူး ဒုတိယအများဆုံး တင်သွင်းသည့် မလေးရှားနိုင်ငံသည် တန်ချိန် ၁၀,၄၉၀၊ အမေရိကန်ဒေါ်လာ ၃.၆၆ သန်းဖိုး တင်သွင်းခဲ့ပါသည်။

  • မြန်မာနိုင်ငံသည် တရုတ်အားလူး တန်ချိန် ၉,၉၂၀၊ အမေရိကန်ဒေါ်လာ ၂,၈၉၀ သန်းဖိုး တင်သွင်းခဲ့ပြီး တရုတ်အာလူး တတိယအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်ပါသည်။ 

  • ၂၀၂၂ ဩဂုတ်လတွင် တရုတ်အားလူးကို နိုင်ငံပေါင်း ၁၃ နိုင်ငံက တင်သွင်းခဲ့ကြပါသည်။ 

 

တရုတ်အားလူး ပျမ်းမျှဈေးနှုန်းမှာ ၂၀၂၂ ဩဂုတ်လတွင်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ ဖြစ်ပြီး ၂၀၂၂ ဇူလိုင်လတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ ဖြစ်ပါသည်။ 

ယခင်နှစ် ၂၀၂၁ ဩဂုတ်လတွင် တရုတ်အာလူး ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀ ဖြစ်ပါသည်။ 

Source: malingshu7.com

#MyanmarFoodIndustryGuide

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)