Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အဆမတန်ကြီးထွားလာနေတဲ့ တရုတ်ပြည်တွင်း ဒူရင်းဈေးကွက်

အဆမတန်ကြီးထွားလာနေတဲ့ တရုတ်ပြည်တွင်း ဒူရင်းဈေးကွက်

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

အရှေ့တောင်အာရှ "အသီးများ၏ဘုရင်" ဖြစ်သော ဒူးရင်းသီးကို တရုတ်နိုင်ငံတွင် စားသုံးမှု အရှိန်အဟုန်ဖြင့် မြှင့်တက်လာပြီး တရုတ်နိုင်ငံ အသီးတင်သွင်းမှုတွင် ပမာဏနှင့်တန်ဖိုး နှစ်မျိုးစလုံးအရ ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။

 

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)ကြောင့် အရှေ့တောင်အာရှနိုင်ငံများက တရုတ်နိုင်ငံသို့ လတ်ဆတ်အသီးများ တင်သွင်းရန် လွယ်ကူနေပါတယ်။ 

 

ယူနန်ပြည်နယ် စစ်ဆောင်ပနမြို့သို့ အရှေ့တောင်အာရှထံမှ ဒူရင်းသီးများ အများဆုံး ရောက်ရှိပါတယ်။ ဒူရင်းသီး အမျိုးမျိုး စုံလင်ပါတယ်။ 

 

မြို့မှ သစ်သီးဝလံ လက်ကားဈေးမှာ ခရီးသွားရာသီ အထွတ်အထိပ် ရောက်ချိန်မှာ တစ်နေ့လျှင် ဒူရင်းသီး တစ်တန် ဝန်းကျင် အရောင်းအဝယ် ဖြစ်ပါတယ်။  

 

တရုတ်နိုင်ငံက လတ်ဆတ်ဒူရင်းသီးများကို ၂၀၂၁ မှာ တန်ချိန် ၈၂၁,၆၀၀ တင်သွင်းခဲ့ပါတယ်။ သွင်းကုန်ဒူရင်းသီး စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၄.၂၀၅ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၁၇ ထက် ၄ ဆနီးပါး ကြီးထွားလာခဲ့ပါတယ်။ လက်ရှိမှာလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။

ခရင်မ်စားရတဲ့ အရသာမျိုးဖြစ်ပြီး အာဟာရဓာတ်တန်ဖိုး မြင့်မားပြီး တရုတ်လူမျိုးများ နှစ်သက်တဲ့အရသာ ဖြစ်ပါတယ်။ ဒူရင်းသီးကို ဒူရင်းကိတ်၊ ဒူရင်းနို့၊ ဒူရင်းပီဇာ၊ ဒူရင်းဟော့ပေါ့ စသဖြင့် မျိုးစုံ ဖန်တီးပြီး စားကြပါတယ်။ 

 

Chinas_durian_boom_cake.png

ဒူရင်းကိတ်

 

 

တရုတ်နိုင်ငံက ဒူရင်းသီး အဝယ်လိုက်သဖြင့် ဒူရင်း ထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ဒူရင်းကို တိုးချဲ့ ထုတ်လုပ်ကြပါတယ်။ ၂၀၂၁ မှာ ထိုင်းနိုင်ငံမှာ ဒူရင်းတန်ချိန် ၁.၂၉ သန်း ထုတ်လုပ်ပါတယ်။ ၂၀၁၉ ထက် ၃၀% ပိုများပါတယ်။

 

တရုတ်ဒူရင်းဈေးကွက်ထဲမှာ ဈေးအမြင့်ဆုံး ပရီမီယံ ဒူရင်းသီးက မလေးရှားမှ "Musang King" ဒူရင်းသီး ဖြစ်ပါတယ်။ 

Source nikkei asia

#FoodIndustryGuide

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times
Rate this item
(0 votes)