Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးခေါင်မှုကြောင့် အာဂျင်နီးနားနိုင်ငံတွင် ပြောင်းဖူးအထွက်နှုန်း ကျဆင်းခဲ့

အာဂျင်တီးနားနိုင်ငံသည် မိုးခေါင်ရေရှားပါးမှုပြဿနာကြောင့် ခြောက်နှစ်တာကာလအတွင်း ပြောင်းဖူးအထွက်နှုန်း

အနိမ့်ဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရသည့်အတွက် ယခုနှစ်တွင် ပြည်ပသို့ ပြောင်းဖူးတင်ပို့ရောင်းချနိုင်မှုနှုန်း ကျဆင်းနေကြောင်း ရိုဆာရီယိုပြောင်းဖူး ကုန်သွယ်ရေးအဖွဲ့အစည်း (BCR)က ထုတ်ပြန်ခဲ့ကြောင်း UKR Agro သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံသည် တောင်အာဖရိကတိုက်တွင် ပြည်ပသို့ ပြောင်းဖူး တင်ပို့ရောင်းချမှုနှုန်း အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ တောင်သူများမှာလည်း ပြောင်းဖူးစိုက်ခင်းများကို အဓိကစိုက်ပျိုးလျက်ရှိသည့် နိုင်ငံဖြစ်သည်။

 

ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားပါးမှု ပြဿနာဖြစ်ပေါ်ခဲ့ပြီး ပြောင်းဖူးအထွက်နှုန်း ကျဆင်းလာခဲ့ရခြင်းမှာ တောင်သူများအတွက် အကျပ်အတည်းသဖွယ်ဖြစ်နေသလို နိုင်ငံတော်၏ ဝင်ငွေလျော့ကျလာမည့်အရေးဖြင့်လည်း ရင်ဆိုင်နေရသည်။

 

“မိုးခေါင်ရေရှားပါးမှု ပြဿနာကြောင့် အခုနှစ်မှာ ပြောင်းဖူးပုံမှန်စိုက်ပျိုးနိုင်တာ မရှိခဲ့ပါဘူး။ နှစ်စဉ် ပုံမှန်စိုက်ပျိုးနေတဲ့ ဧရိယာစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ခြောက်နှစ်တာကာလအတွင်း ပြောင်းဖူးအထွက်နှုန်းဟာ ဆိုးရွားစွာ နိမ့်ကျခဲ့ရပါတယ်။ ပုံမှန်ပြောင်းဖူးစိုက်ပျိုးတဲ့ ဧရိယာဟာ ၂ ဒသမ ၈ သန်း ဧကထိ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁ ဒသမ ၆ သန်း ဧကသာ စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု BCR အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

BCR အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ပုံမှန်ပြောင်းဖူးစိုက်ပျိုးနေသည့် ဧရိယာစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း၌သာ ပြောင်းဖူးစိုက်ပျိုးနိုင်ခဲ့ပြီး အခြားသော ဧရိယာများတွင်း‌ ရေအခက်အခဲကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

 

Source: myawady

Myanmar Food Industry Guide

Read times Last modified on Friday, 21 October 2022 14:13
Rate this item
(0 votes)