Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား အခွန်ရည်ညွှန်းဈေးနှုန်း တိုးမြှင့်သဖြင့် စားအုန်းဆီ ဈေးနှုန်း မြင့်တက်

အင်ဒိုနီးရှား အခွန်ရည်ညွှန်းဈေးနှုန်း တိုးမြှင့်သဖြင့် စားအုန်းဆီ ဈေးနှုန်း မြင့်တက်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စားအုန်းဆီ  ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးထုတ်လုပ်သူ အင်ဒိုနီးရှားသည် စားအုန်းဆီကြမ်း အမျိုးမျိုးအတွက် ပို့ကုန်ခွန်စည်းကြပ်မှု လျှော့ပေါ့ပေးခြင်းကို သက်တမ်းထပ်တိုးပေးလိုက်ပြီး အခွန်စည်းကြပ်ဖို့ အဆုံးအဖြတ်ပြုတဲ့ ရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်တဲ့အတွက် နှစ်လကျော်အတွင်း အမြင့်ဆုံးးစျေးနှုန်းသို့ မြင့်တက်သွားပါတယ်။

.

ယခုနှစ်ကုန်အထိ ပို့ကုန်ခွန်စည်းကြပ်မှု လျှော့ပေါ့ပေးထားမှာဖြစ်ပြီး အသစ်ပြဋ္ဌာန်းလိုက်တဲ့ ရည်ညွှန်းဈေးနှုန်းကိုလည်း ယခုနှစ်ကုန်အထိ ဆက်လက်ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။ 

“ယခုအခါ မလေးရှား စားအုန်းဆီကြမ်းက ဆွဲဆောင်မှု ပိုရှိလာမှာပါ” လို့  မလေးရှားနိုင်ငံ ဆီလန်ဂေါအခြေစိုက် ပွဲစားလုပ်ငန်း Pelindung Bestari Bhd မှ ဒါရိုက်တာ Paramalingam Supramaniam က ပြောကြားပါတယ်။ 

.

“ဒါပေမဲ့ စားအုန်းဆီသန့်ကတော့ အင်ဒိုနီးရှားက စျေးသက်သာနေလို့ မလေးရှား စားအုန်းဆီသန့် ဝယ်လိုအား နည်းနေတဲ့ဘက်ကို ရောက်သွားလိမ့်မယ်" လို့ ၎င်းက သုံးသပ်ပါတယ်။

တရုတ်ပြည်တွင်း ဈေးကွက်မှာလည်း စားအုန်းဆီ ဈေးမြင့်တက်ပါတယ်။ 

စားအုန်းဆီသန့် ၂၀၂၃ ဇန်နဝါရီလ ကြိုပွိုင့်ဈေးနှုန်း  Dalian Commodity Exchange မှာ ၄.၅% ခုန်တက်ပါတယ်။ ပဲပိစပ်ဆီ ၂.၈% မြင့်တက်ပါတယ်။

ကမ္ဘာ့အသုံးအများဆုံး ဟင်းချက်ဆီဖြစ်တဲ့ စားအုန်းဆီသန့် ဈေးနှုန်း ကြိုပွိုင့်ဈေးနှုန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာလည်း ၅% မြင့်တက်ပါတယ်။ တစ်တန် ရင်းဂစ် ၄,၂၆၂ အထိ ရောက်ရှိခဲ့ပါတယ်။ ဩဂုတ်လကုန် နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။

.

ကမ္ဘာ့ဈေးကွက်ထဲ ဆောင်းရာသီမှာ ဝယ်လိုအား ကျဆင်းမယ်လို့ Paramalingam က ခန့်မှန်းပါတယ်။ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီ အအေးဓာတ်ကြောင့် စားအုန်းဆီက ခဲပျစ်ပျစ် ဖြစ်သွားတာကြောင့် သုံးစွဲမှု လျော့ကျပါတယ်လို့ ၎င်းက ပြောကြားပါတယ်။

Source theedgemarket

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 03 November 2022 19:33
Rate this item
(0 votes)