Fruits & Vegetables
မူးမြစ်ရိုးတစ်လျှောက်နှင့် ကုန်းတွင်းပိုင်းမှ ထွက်ရှိသည့် ခရမ်းချဉ်သီး(ထိုင်ဝမ်)များ အရောင်းသွက်နေ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ သီရိမာလာကုန်စိမ်းစျေးတွင် မူးမြစ်ရိုးတစ်လျှောက်နှင့်
ကုန်းတွင်းပိုင်းမှ ထွက်ရှိလာသည့် ခရမ်းချဉ်သီး(ထိုင်ဝမ်)များ အရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါ စျေးအတွင်းရှိ အောင် ကုန်စိမ်းပွဲရုံမှ သိရသည်။
အဆိုပါ ခရမ်းချဉ်သီး (ထိုင်ဝမ်) များသည် မူးမြစ်ရိုးတစ်လျှောက်နှင့် ကုန်းတွင်းပိုင်းမှ ထွက်ရှိလာပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းစျေးသို့ တစ်ရက်လျှင် ခြောက်ဘီးကား ၁၀ စီးမှ ၁၂ စီးထိ ပုံမှန် ဝင်ရောက်လျက်ရှိကြောင်း စျေးနှုန်းများမှာလည်း မူးမြစ်ရိုးတစ်လျှောက်မှ ထွက်သည့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ငွေကျပ် ၉၀၀၊ ကုန်းတွင်း ပိုင်းမှ ထွက်သည့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ ရရှိကာ အရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါစျေးအတွင်းရှိ အောင် ကုန်စိမ်းပွဲရုံပိုင်ရှင်က ပြောပြ၍ သိရသည်။
Click Here >>> Big M Enterprise Ltd.
“လက်ရှိမှာတော့ ခရမ်းချဉ်သီးက မူးမြစ်ရိုးတစ်လျှောက်ကထွက်တဲ့ ခရမ်းချဉ်သီးတွေ၊ ကုန်းတွင်းပိုင်းကထွက်တဲ့ ခရမ်းချဉ်သီးတွေ ဝင်ရောက်လာပါတယ်။ ခရမ်းချဉ်သီးတွေက စျေးကောင်းရရှိပြီး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ အင်းခရမ်းချဉ်သီးတွေကလဲ စျေးကွက်ထဲကိုဝင်ရောက်နေပါတယ်။ အင်းသီးတွေက အရောင်းအဝယ်အေးသွားပါတယ်။ လက်ရှိကုန်းတွင်းပိုင်းက ခရမ်းချဉ်သီးတွေက အရောင်းအဝယ်ကောင်းပြီး စျေးကောင်းရရှိနေပါတယ်။ အခြားသီးနှံတွေလဲ စျေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းနေပါတယ်” ဟု အောင် ကုန်စိမ်းပွဲရုံပိုင်ရှင်က ပြောပြသည်။
လက်ရှိအချိန်တွင် မူးမြစ်ရိုးတစ်လျှာက် ဒေသများဖြစ်သော မြင်းမူ၊ မုံရွာ၊ မတ္တရာဒေသတို့မှ ထွက်ရှိလာသော ခရမ်းချဉ်သီး(ထိုင်ဝမ်)များနှင့် ကုန်းတွင်းပိုင်းမှ ထွက်ခရမ်းချဉ်သီးများ စျေးကောင်းရရှိနေကြောင်း၊ ထို့ပြင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်ညင်းနှင့် ပန်းမုန်လာများလည်း စျေးကောင်းရရှိနေကြောင်း သိရသည်။
Join Telegram Channel >>> https://t.me/Guid4U
Source: YDNP
Myanmar Food Industry Guide




