Fruits & Vegetables



မန္တလေး သစ်သီးဝလံဈေးကွက်အခြေအနေ

မန္တလေး သစ်သီးဝလံဈေးကွက်အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေးသီရိမာလာဈေးတွင် ခရမ်းချဉ်(ရှမ်းတောင်)မှာ အဝင်နည်း ၊ ပစ္စည်းရှားခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၄၀၀၀၀ ကျပ် မှ ၄၅၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ မုံရွာညောင်ပင်ဝန်း မှ ထိုင်ဝမ်ခရမ်းချဉ်များမှာ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် သကြႅန်ပြီးကာလတွင် မြို့တွင်းသုံးစွဲမှုသာရှိနေသည်။

.

မုံရွာ ညောင်ပင်ဝန်းမှ ငရုတ်စို(ရှည်နှင့်လတ်) များမှာ အသစ်ဝင်ရောက်မှုမရှိသေးခြင်း ၊ သကြႅန်ကာလအပြီး ငပိထောင်း ၊လက်ဖက်သမားများ အဝယ်များခြင်းကြောင့် ငရုတ်စို(ရှည်)  တစ်ပိဿာ  ၃၀၀၀ ကျပ် ၊ ငရုတ်စို (လတ်)  တစ်ပိဿာ  ၅၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

.

ဘိုစားပဲသီးများ အဝင်များလာခြင်းကြောင့် တစ်ပိဿာ ၁၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

ပြင်ဦးလွင်မှ ဂေါ်ဖီထုပ်များ အဝင်နည်း၊ အရည်အသွေးကောင်းသောကြောင့် တစ်ထုပ် ၂၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

.

ဒေသစုံမှ ပြောင်းဖူးများ အဝင်များလာပြီး မြို့တွင်းလက်လီသမား ဝယ်ယူမှုသာရှိ၍ ၁၀၀ ဖူးလျှင် ၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

မန္တလေးကိုင်းတန်းဈေးတွင် 

ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်လုံး ၁၅၀၀ မှ ၂၀၀၀ ကျပ် ၊ 

သခွားမွှေး ရွှေသခွား တစ်လုံး ၂၀၀၀ ကျပ် ၊ 

သဘောႅသီး တစ်လုံး ၁၀၀၀ မှ ၁၅၀၀ ကျပ် ၊ 

နာနတ်သီး တစ်လုံး ၃၀၀ မှ ၅၀၀ ကျပ် 

အရည်အသွေးပေါ်မူတည်၍ ရောင်းချနေသည်။

စပျစ်သီး တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်း ၁၅၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ် ဈေးရှိပြီး ယခုကာလတွင် မြို့တွင်းသုံး ဝယ်ယူမှုသာရှိသည်။

စိန်တစ်လုံး သရက်သီးများ မန္တလေးဝန်းကျင် မှ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၁၀ လုံးလျှင် ၂၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ဈေးရှိသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 23 April 2023 12:49
Rate this item
(0 votes)