Fruits & Vegetables
ချင်းငှက်ပျောဖျော်ရည် ပြုလုပ်နည်း
ဒီကနေ့အတွက် ကျန်းမာရေးနဲ့ညီညွတ်သည့် သစ်သီးဖျော်ရည်ပြုလုပ်နည်းကို
တင်ပေးလိုက်ပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုရိုးရှိသလို Smoothie လို့ခေါ်တဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေကို သောက်ခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန် ထိန်းလိုသူတွေအတွက်လည်း အထူးသင့်လျှော်ပါတယ်။
ရုံးပိတ်ရက် အိမ်တွင် မိမိကိုယ်တိုင် စိတ်တိုင်းကျ ဖျော်သောက်ချင်သူတွေအတွက် သောက်ချင်ဖွယ်ရာ သစ်သီးဖျော်ရည် ဖျော်စပ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
အစာမကြေခြင်း၊ ရင်ပူခြင်း၊ အော့အန်ခြင်း အပြင် အစာကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေအတွက် လတ်ဆတ်တဲ့ ဂျင်းပါဝင်တဲ့ ငှက်ပျောသီးနဲ့ ဂျင်းဖျော်ရည်တစ်ခွက်က အကောင်းဆုံး သဘာဝဆေးတစ်ခွက်ဖြစ်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငှက်ပျောသီးတစ်လုံးကို ပါးပါးလှီးထားပါ။ ဗနီလာဒိန်ချဉ်ကို ၆ အောင်စခန့်ထည့်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်၊ ဂျင်းအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီးနောက် ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်၍ တစ်မိနစ်ခန့် ကြိတ်လိုက်ပါ။
ပြီးလျှင် ဖန်ခွက်ထဲသို့ ထည့်လိုက်ပါ။ ပြီးနောက် အနံ့အရသာနဲ့ ပြည့်စုံတဲ့ Smoothie တစ်ခွက်ကို သောက်သုံးပြီး စိတ်ကြည်နူးမှုကို ခံစားနိုင်ပါတယ်။