Fruits & Vegetables



မြန်မာနိုင်ငံမှာ လက်ဖက်ဝိုင် အောင်မြင်စွာ ထုတ်လုပ်နိုင်မည်လား…?

မြန်မာပြည်တွင်း ထွက်ရှိသည့် လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင်အဖြစ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံ လက်ဖက်အသင်းကို တိုက်တွန်းထားကြောင်း သိရသည်။

 

လက်ဖက်များကို လက်ဖက်အစို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင် စသည်ဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ဆန်းသစ် တီထွင်သော နည်းလမ်းများနှင့် ထုတ်လုပ်ရန် တိုက်တွန်း ပြောဆိုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံသည်   လက်ဖက် စတင် ပေါက်ရောက်ရာ မူရင်းဒေသများအနက် တစ်ခုဖြစ်သောကြောင့် မိရိုးဖလာ စိုက်နည်းစနစ်များဖြင့် စိုက်ပျိုး ထုတ်လုပ်လျက်ရှိကာ ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးထားပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုး ထုတ်လုပ်လျက် ရှိသည်။ 

 

 

Advertisement

Click Here > GeoResources

 

လွန်ခဲ့သည့် ၁၉၉၁- ၁၉၉၂ ခုနှစ်မှ စတင်၍  လက်ဖက်တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်း အစီအစဉ်ဖြင့် ကာလတို ငါးနှစ်စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်အထိ လက်ဖက်စိုက်ဧကပေါင်း (၂.၃၉) သိန်း စိုက်ပျိုးခဲ့သည်။ 

 

ယင်းနောက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက (၂.၄) သိန်းအထိ တိုးချဲ့ စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် စီမံကိန်း မစတင်မီက ပိဿာပေါင်း (၂၃၀) ခန့် ထွက်ရှိရာမှ စီမံကိန်းကာလ နောက်ပိုင်းတွင် (၂၇၅) ပိဿာထိ ထွက်ရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၀- ၂၀၂၁ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် စုစုပေါင်း လက်ဖက်အထွက်နှုန်း ပိဿာပေါင်း (၆၉) သန်းခန့် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ဖက်ကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကာ အမေရိကန်ဒေါ်လာ (၂.၅) သန်းခန့် နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။

 

Read times Last modified on Tuesday, 05 September 2023 19:06
Rate this item
(0 votes)