Fruits & Vegetables



လာမည့်ရာသီတွင် မြန်မာ့ထောပတ်သီးကို ထိုင်းနှင့် အိန္ဒိယသို့ အဓိကထား တင်ပို့မည်

လာမည့် ထောပတ်သီးရာသီတွင် မြန်မာနိုင်ငံမှ ထောပတ်သီးများကို ဝယ်ယူရန် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် တင်ပို့သွားမည် ဖြစ်ပြီး

တင်ပို့ ကုန်သွယ်ရောင်းချခွင့် ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ 

 

အိန္ဒိယနိုင်ငံမှလည်း ယခုရာသီတွင် ထောပတ်သီးတန်ချိန် (၁,၀၀၀) ဝယ်ယူရန် ကမ်းလှမ်းထားပြီး အိန္ဒိယနိုင်ငံ သစ်သီးကုန်သည် အဖွဲ့အစည်းမှ ဝယ်ယူရန် ကမ်းလှမ်းထားသော တန်ချိန်ကို ပြည့်မီအောင် တင်ပို့ ရောင်းချသွားမည်ဟု ဆိုသည်။

 

ထောပတ်သီး ရာသီချိန်ဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ (၄) လတာ ကာလအတွင်းတွင် ဝယ်ယူရန် ကမ်းလှမ်းထားသည့် မြန်မာကုန်ထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့သွားမည် ဖြစ်သည်။

 

 

Advertisement 

Click Here > Tayza Wynn

 

ယခုနှစ် ရာသီတွင် မိုးအရမ်းများခဲ့သည့်အတွက် ထောပတ်သီး အထွက်နှုန်း များနိုင်ပြီး ပြီးခဲ့သည့် နှစ်ထက် ဈေးကွက်ကောင်းနိုင်ကြောင်းလည်း ထောပတ်သီး တင်ပို့ရောင်းချသူများက သုံးသပ်ကြသည်။ 

 

လက်ရှိ ထောပတ်သီးဈေးများအနေဖြင့် ဈေးကွက်အစ တစ်ကီလိုလျှင် ကြမ်းခင်းဈေး (၃,၅၀၀) ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် နှစ်တွင် တစ်ကီလို (၂,၅၀၀) ကျပ်သာ ရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် စာရင်းတွေအရ ပြည်တွင်း၌ ထောပတ်သီး စိုက်ဧက (၂၀,၀၀၀) ဝန်းကျင် ရှိပြီး ရှမ်းပြည်နယ်အပါအဝင် တခြား‌သော ဒေသများတွင်လည်း စိုက်ပျိုးထုတ်လုပ်သူ များလာကာ တစ်ဧကကို Export Quality ထောပတ်သီးတန်ချိန် (၅,၀၀၀) မှ (၁၀,၀၀၀) ကြား ထွက်ရှိကြောင်း သိရသည်။

 

Read times Last modified on Friday, 13 October 2023 22:51
Rate this item
(0 votes)