Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

1 11 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

 

 

မန္တလေး ကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းများအနေဖြင့် အဝင်ပုံမှန် ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ်  ၁၁၀၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

    

မနောသုခဆန်မှာလည်း အများဆုံးဆန်ဖြစ်၍ ဝယ်ယူမှုများသော်လည်း အသစ်ဝင်ချိန် နီးခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

      

ငစိန်ဆန် နှင့် ဇီယာဆန်မှာလည်း ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ဝင်ရောက်ခြင်း ၊ အသစ်ဝင်ချိန်နီးခြင်း ၊ လုပ်ငန်းသမား ၊ မုန့်လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ငစိန်ဆန်တစ်အိတ် ၆၅၀၀၀ ကျပ် ၊ ဇီယာဆန်မှာ ဗန်းမော် ၊ ကွတ်ခိုင်သို့ တင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ မြို့တွင်းစားသုံးမှုပုံမှန်ဖြစ်ခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ် မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

မန္တလေး ဆီထွက်သီးနှံဈေးကွက် အခြေအနေ

      

 

 မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲအဝင်များခြင်း ၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၁၀၀ ပိဿာ ၅၈၀၀၀၀ ကျပ် မှ ၅၇၀၀၀၀ ကျပ် ၊ အရည်အသွေးအကောင်းဆုံး ၆၄၀၀၀၀ ကျပ်  မှ ၆၁၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။မြေပဲ(ဆီဆံ)မှာ ဆီစက်သမား အဝယ်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၅၃၀၀၀၀ ကျပ် မှ ၅၅၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

     

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်း အဝင်နည်းသွားခြင်း ၊ ဆောင်းနှမ်းဝင်ချိန်နီးခြင်း ၊ လုပ်ငန်းသမား  ၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ပိဿာ အရည်အသွေးအညံ့ဆုံး ၃၅၀၀၀၀ ကျပ် မှ အကောင်းဆုံး ၃၆၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

နှမ်းညိုမှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

နှမ်းနက်မှာ တရုတ်ဝယ်လက်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်နည်းခြင်း ၊ ဆောင်းနှမ်းဝင်ချိန်နီးခြင်းတို့ကြောင့် ၄၅ ပိဿာ ၂၉၅၀၀၀ ကျပ် မှ ၂၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

နှမ်းနီ နှင့် နှမ်းဝါတို့မှာ အဝင်နည်းခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း နှမ်းနီ ၄၅ ပိဿာ ၃၀၀၀၀၀ ကျပ်  ၊ နှမ်းဝါ ၃၀၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ပန်းနှမ်းဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ ပစ္စည်းရှားခြင်းကြောင့် ၄၅ ပိဿာ ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

နေကြာဈေးနှုန်းမှာ မိုးနေကြာ အဝင်နည်းသွားခြင်း ၊ ဆောင်းနေကြာ စိုက်ပျိုးထားဆဲဖြစ်ခြင်းကြောင့် ၂၇ ပိဿာ ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 

ငရုတ် ကြက်သွန်နီ  ကြက်သွန်ဖြူ အာလူး ချင်း ဈေးကွက်အခြေအနေ

 

 မန္တလေး ကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားကြက်သွန်မဝင်သေးခြင်း ၊ ထီးချိုင့် ၊ မြင်းခြံ ၊ မုံရွာတို့မှ အဝင်နည်းသွားပြီး ပစ္စည်းကောင်းရှားခြင်းတို့ကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၃၂၀၀ ကျပ် မှ ၃၆၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၃၀၀၀ ကျပ်  မှ ၃၄၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ကြက်သွန်နီ(သေး) မှာ ၂၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပန်းဆက်သွယ်ရေးကြောင့် အဝင်နည်းခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၇၇၀၀ ကျပ် မှ ၁၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ကြက်သွန်ဖြူ(ရှမ်း)မှာ ကြက်သွန်ဖြူ(မြေပြန့်)မဝင်သေးခြင်း ၊ စတင်စိုက်ပျိုးစ ကာလဖြစ်ခြင်း ၊ လက်ကျန် ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၈၅၀၀ ကျပ် မှ အရည်အသွေးအကောင်းဆုံး ၁၀၀၀၀ ကျပ် အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

   

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများအဝင်နည်းသွားခြင်းကြောင့် တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၃၂၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

    

ချင်းဈေးနှုန်းအနေဖြင့် ချင်းဟောင်းများ ပစ္စည်းရှား၍ အရောင်းအဝယ်မရှိ သလောက် နည်းခြင်း၊ ချင်းသစ်များသာ ဝင်ရောက်ပြီး အရည်အသွေးကောင်းလာခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

 

 

ပဲမျိုးစုံဈေးကွက် အခြေအနေ

     

 

 မန္တလေး ပွဲစားကုန်သည်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ အသစ်စိုက်ရန် ပြင်ဆင်စဖြစ်ခြင်း ၊ ပစ္စည်းကောင်းရှားခြင်း ၊ ပဲခွဲစက် နှင့် ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၆၀ ပိဿာ ၂၇၃၀၀၀ ကျပ် မှ ၂၈၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

   

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီ (စိမ်း) ဝင်ရောက်မှုရှိခြင်း ၊ ပဲခွဲစက်များ ဝယ်ယူမှုသာရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃ တင်း တစ်အိတ် ၁၇၀၀၀၀ ကျပ် မှ ၁၆၅၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

    

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ စိုက်ပျိုးထားဆဲကာလဖြစ်၍ လက်ကျန်နည်း ၊ ပစ္စည်းကောင်းရှားသော်လည်း အရောင်းအဝယ်အေးသောကြောင့် ပဲစဉ်းငုံ(နီ) ၆၀ပိဿာ ၃၆၀၀၀၀ ကျပ် မှ ၃၄၀၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲစဉ်းငုံ(ဖြူ) ၃၀၀၀၀၀ ကျပ် မှ ၂၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာ

နိမ့်သွားသည်။

    

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲအဝင်ရှိခြင်း ၊ ဆောင်းပဲစိုက်ပျိုးရန်  ပြင်ဆင်စ ဖြစ်ခြင်းကြောင့်  လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ်  ၂၀၅၀၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း)မှာလည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ လုပ်ငန်းသမား နှင့် ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၇၂၀၀၀ ကျပ်  မှ ၂၇၀၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာလည်း ခွဲစက်သမား အဝယ်နည်းခြင်းကြောင့် ပစ္စည်းရှားသော်လည်း ၂၆၀၀၀၀ ကျပ်  မှ ၂၅၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ခွဲခြမ်းမှာမူ မြို့တွင်းသုံးပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

   

ပဲယင်းနှင့် စားတော်ပဲ(ကျွန်း)တို့မှာ အရောင်းအဝယ်အေးခြင်း ၊ စတင်စိုက်ပျိုးစကာလ ဖြစ်၍ ပစ္စည်းရှားခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၆၀၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၃ တင်းတစ်အိတ် ၃၃၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲလွန်းဖြူ/ပြာတို့မှာ မိုးပဲအဝင်နည်းပြီး ဆောင်းပဲစိုက်ပျိုးထားချိန်ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲလွန်းဖြူ/ပြာတို့မှာ ၃ တင်းတစ်အိတ် ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲအဝင်နည်းသွားခြင်း ၊ ဆောင်းပဲစတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ လုပ်ငန်းသမားနှင့် ခွဲစက်သမားများ ပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၃ တင်းတစ်အိတ် ၃၄၅၀၀၀ ကျပ် မှ ၃၆၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၃၂၀၀၀၀ ကျပ်  မှ ၃၃၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၃၉၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ် မှ ၃၈၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

 

 ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးရန် ပြင်ဆင်စကာလဖြစ်ခြင်း ၊ လက်ကျန် အရည်အသွေးနိမ့်ခြင်း ၊ ဂျုံစက်များ အဝယ်နည်းခြင်းကြောင့် ငါန်းဇွန် ၊ မြို့သာ ၊ မုံရွာ ၊ ဘုတလင် ၊ စစ်ကိုင်း ၊ ဆားတောင် ၊ ရွှေဘို ၊ မြင်းမူ ၊ မြောင်ဂျုံများ ၃ တင်းတစ်အိတ် ၂၀၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ကလေးဂျုံ ၊ အထွက်တိုးဂျုံနှင့် ရှမ်းဂျုံ ၃တင်းတစ်အိတ် ၁၇၀၀၀၀ ကျပ် မှ ၁၇၅၀၀၀ ကျပ် ၊ ကြူကုတ်ဂျုံ ၃တင်း တစ်အိတ် ၁၇၀၀၀၀ ကျပ် နှင့် ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၄၅၀ ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေသည်။

    

အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းအဝင်နည်းသွားခြင်း ၊ အစာစပ်သမားများ အဝယ်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၅၂၀၀၀ ကျပ် မှ ၅၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

    

 မန္တလေး ကိုင်းတန်းဈေးတွင် သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး (အိတ်စွပ်)၆၀လုံးပါ တစ်ဖာ ၄၈၀၀၀ ကျပ် ၊ ရွာငံမှ ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ် တစ်အိတ် ၂၀၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းချနေသည်။မုံရွာ ၊ ချောင်းဦး ၊ မန္တလေးဝန်းကျင်မှ ဖရဲသီး များ အရွယ်စုံဝင်ရောက်မှုရှိပြီး အရည်အသွေးအညံ့ဆုံး ၅၀၀ ကျပ် မှ အကောင်းဆုံး ၂၀၀၀ ကျပ် ထိဈေးရှိသည်။သ

 

ဘောႅသီးများအဝင်နည်း ၊ အရည်အသွေးညံ့သွားခြင်းကြောင့် တစ်လုံး ၁၅၀၀ ကျပ်  မှ ၂၀၀၀ ကျပ် ၊ သခွားမွှေး ၄လုံး တစ်ဖာလျှင် ၁၂၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေသည်။

 

စပျစ်သီး ၊ နာနတ်သီးများ အဝင်နည်း ၊ ပစ္စည်းရှားနေသည်။

  

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 02 November 2023 16:33
Rate this item
(0 votes)