Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်တွင် ကိုယ်တိုင် ဒိန်ချဉ်ပြုလုပ်နည်း

ဒိန်ချဉ်ကို အပြင်မှမ၀ယ်ဘဲ အိမ်တွင်ကိုယ်တိုင်ပြုလုပ်ချင်သူများအတွက် ဒိန်ချဉ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

အချဉ်ပြုလုပ်ဖို့အတွက် နွားနို့အစိမ်း အကြမ်းပန်းကန်လုံးစာကို ဘာမှမထည့်ဘဲ အခန်းအပူချိန်တွင် တစ် ရက် ထားရင် အချဉ်ဖြစ်ပါတယ်။

 

နွားနို့ကို ဆူအောင်ကျိုလိုက်ပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားဘဲ ကြာအောင်ကျိုလိုက်ပါ။ အရမ်းလည်း မပျစ်စေရပါနှင့်။

 

ပြီးရင်တော့ မီးဖိုပေါ်က ချပြီး အအေးခံထားပါ။ ခပ်နွေးနွေးလေးဆိုရင်တော့ အချဉ်ထည့်ပြီး မွှေပေးလိုက်ပါ။

 

Read More >>>>> ထိုင်းစတိုင်လ် ငါးအသားလွှာအကြွပ်ကြော်

 

ပြီးလျှင်အုပ်ဆောင်းနဲ့အုပ်ပြီး တစ်ရက်တိတိထားပေးပါ။ တစ်ရက်ပြည့်ရင်တော့ ဒိန်ချဉ် ရပါပြီ။

 

ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်ပြုလုပ်မည့် ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကို အချဉ်အဖြစ်လည်း သုံးနိုင်ပါတယ်။

 

သတိထားရမည့်အချက်မှာ ဒိန်ချဉ်ကို လေလုံအောင် အိုးကို ပိတ်မထားရ၊မမွှေရပါ။ အချဉ်ထည့်ချိန်တွင်သာ မွှေပေးရန်လိုပါတယ်။ အချဉ်ထည့်ချိန်တွင်လည်း လုံးဝအေးစက် မနေရပါ။

 

ဒိန်ချဉ်ဖြစ်သွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ အကြာကြီးထားလို့ရပါတယ်။

 

ဒိန်ချဉ်နဲ့တွဲစားဖို့သကြားရည်ပဲကျိုကျို၊ ထန်းလျက်ရည်ပဲကျိုကျို ဆားကို အနည်းငယ်ထည့်ကျိုပါ။ ရေအနည်းငယ်သာထည့်ပါ။

 

သကြား၊ ထန်းလျက်က အပူပေးရင် ရပါတယ်။ အိုးမကပ်ရုံပဲ ရေထည့်ပေးပါ။ အဲဒါဆိုရင် ထန်းလျက်ရည်ရပါပြီ။ ထန်းလျက်ရည်ရပြီဆိုရင်တော့ ဒိန်ချဉ်နှင့် တွဲပြီး သောက်သုံးနိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 11:54
Rate this item
(3 votes)