Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပျိုးပင်ပေါင်းနှစ်သောင်း အခမဲ့ဖြန့်ဝေပေးသွားမည်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍

ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ဆိုရင် တိုင်းဒေသကြီးရန်ပုံငွေနဲ့ နှစ်စဉ်နှစ်စဉ် ပျိုးပင်နှစ်သောင်းကို ပျိုးထောင်ပြီးတော့ ပြည်သူလူထုကို အခမဲ့ဖြန့်ဝေပေးလျက် ရှိပါတယ်၊ ပြည်သူတွေအပြင် သစ်ပင်ကို စိုက်ပျိုးလိုတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေ၊ NGO အဖွဲ့အစည်းတွေကနေ တောင်းလာရင်လည်း လျာထားချက်အရ ခွဲဝေပြီးတော့ အခမဲ့ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးသိန်းဝင်းဇော်က ရှင်းပြသည်။

ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနိုင်ရန် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျဉ်တွင် ပျိုးပင်ပေါင်း နှစ်သောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပျိုးထောင်ထားရှိပြီး ပြည်သူလူထု စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီကာလအတွင်း အများပြည်သူများအား ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ထန်းတပင်မြို့နယ် သီတာအေးပျိုးဥယျာဉ်တွင် ကျွန်းပင် ၄ဝဝဝ၊ ပျဉ်ကတိုးပင် ၃ဝဝဝ၊ ပိတောက်ပင် ၃ဝဝဝ၊ မဟောဂနီပင် ၂ဝဝဝ၊ မန်ဂျန်ရှားပင် ၂ဝဝဝ၊ ဝါးပင် ၁ဝဝဝ၊ အော်ရီရှားပင် ၁ဝဝဝ၊ ယူကလစ်ပင် ၁ဝဝဝ၊ ပင်လယ်ကဗွီးပင် ၁ဝဝဝ၊ ပျဉ်းမပင် ၁၀၀၀၊ ကံ့ကော်ပင် ၅ဝဝ၊ ငုရွှေဝါပင် ၅ဝဝ စုစုပေါင်း ပျိုးပင် နှစ်သောင်း တို့ကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။

MDN

Read times
Rate this item
(0 votes)