Food Industry

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းယာဆိုင် လိုင်စင်ပြုလုပ်ပေးရေး ညှိနှိုင်းလျက်ရှိ

မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် နှစ်စဉ်လူပေါင်းထောင်သောင်းချီ၍ ကင်ဆာ၊

နှလုံးရောဂါတို့ဖြင့် သေဆုံးမှုများကို ကာကွယ်ရန် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ကွမ်းယာဆိုင်လိုင်စင်ပြုလုပ်ရန် ညှိနှိုင်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းထံမှ သိရပါတယ်။

 

ကွမ်းယာသုံးစွဲမှုက မြင့်တက်နေတယ်။ ဆိုင်တွေကလည်း ပိုများလာတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ မြို့တော်စည်ပင်က လိုင်စင်ထုတ်ပေးမယ်ဆိုရင် ထိန်းချုပ်လို့ရတယ်။ စားသောက်ဆိုင်တွေကို လိုင်စင်ထုတ်ပေးသလိုမျိုး လုပ်မလားဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်ဟု ဒေါက်တာ ကျော်ကံကောင်းက ပြောကြားခဲ့ပါတယ်။

 

ဆေးရွက်ကြီးသုံးစွဲမှု ပျံ့ နှံ့နေခြင်းကို ရပ်ဆိုင်းရန် မလုပ်ဆောင်ပါက ၂၀၃၀ပြည့်နှစ်အရောက်တွင် သေဆုံးသူဦးရေမှာ ၈ ဒသမ ၃ သန်းအထိ ရှိလာမည်ဖြစ်ပြီး သေဆုံးသူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ၀င်ငွေနည်းပါးသည့်နိုင်ငံ သို့မဟုတ် အသင့်အတင့်ရှိသော နိုင်ငံများမှဖြစ်ကြောင်း သိရပါတယ်။

 

ပြည်တွင်းတွင် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ရောဂါဖြင့် သေဆုံးသူများပြားလာသဖြင့် မိသားစုများသာမက လူ့အသိုက်အ၀န်းတစ်ခုလုံးအတွက် စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်စေနိုင်သကဲ့သို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း အဟန့်အတားဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

 

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူများအနက် အသက် ၁၅ နှစ်နှင့် အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းက ဆေးရွက်ကြီးသုံးစွဲသူများ ဖြစ်ကြောင်း၊ အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်းပြုလုပ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(1 Vote)