Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားနှင့် စက်သုံးဆီ Re-Export လိုင်စင်ခွင့်ပြုမှုကို စတင်ရပ်ဆိုင်း

နိုင်ငံခြားငွေလဲနှုန်း   မတည်မငြိမ်ဖြစ်ပေါ်ခြင်းနေခြင်းကို  ထိန်းချုပ်နိုင်ရန် သကြားနှင့် စက်သုံးဆီ  Re-Exportလိုင်စင်များကို ယနေ့ (သြဂုတ် ၁၇ ရက်) မှစ၍ ရပ်ဆိုင်း

မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

 

 

'' Re-Export ပိတ်လိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ အဓိကကတော့ ငွေလဲလှယ်နှုန်း မတည်ငြိမ်သေးတာကြောင့် ဖြစ်ပါတယ်။ ဘယ်အချိန်ကျမှ ဒါကို ပြန်လည်ခွင့်ပြုပေးမလဲ ဆိုတာကိုတော့ လောလောဆယ်ပြောလို့ မရသေးပါဘူး'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကပြောကြားခဲ့ပါတယ်။

 

 

ဒေါ်လာငွေ လဲလှယ်နှုန်း  မြင့်တက်နေမှုတွင်   ကုန်သွယ်မှုလိုငွေ ပြနေမှုမှာလည်း အကြောင်း တစ်ချက်အဖြစ် ပါဝင်နေခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Re-Export ဖြင့်   လိုင်စင်ခွင့်ပြုမှုကို   ပြန်လည်သုံးသပ်ပေးရန်  ညှိနှိုင်းလာမှုကြောင့်  ယင်းသို့ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

ထိုကဲ့သို့ လိုင်စင်အသစ်လျှောက်ထားမှုအပေါ် ရပ်ဆိုင်းလိုက်သော်လည်း ယခင်က ခွင့်ပြုပေးထားသည့် ပါမစ်များကို သတ်မှတ်ထားသည့်  ခွင့်ပြုပမာဏ ပြည့်မြောက်သည် အထိ ဆက်လက်လုပ်ကိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရပါတယ်။

 

 

''ဒီလိုခွင့်မပြုတဲ့အတွက်   သိပ်တော့ပြဿနာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သကြားပြတ်လပ်တာတို့ ရှားပါးတာတို့လဲ မဖြစ်နိုင်ဘူး။ ဒါက Re-export လုပ်တာဆိုတော့ နိုင်ငံအခွန်ဘဏ္ဍာ မရတာဘဲရှိမှာပေါ့။ အခုလိုလုပ်တဲ့ အတွက်လည်း ဒေါ်လာအပေါ်သက်ရောက်မှုက အနည်းအကျဉ်းပဲဖြစ်မှာပါ''ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး ကပြောကြားခဲ့ပါတယ်။

 

 

Re-Exportမှာ ပြည်ပနိုင်ငံများမှ တစ်ဆင့်ခံ ကုန်သွယ်ရေးဖြင့် တင်သွင်း၍  ပြည်ပ နိုင်ငံများသို့    ပြန်လည်တင်ပို့ ရောင်းချခြင်းဖြစ်ပြီး၊ လက်ရှိတွင် Re-Export ပါမစ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် သကြားတန်ချိန် ခုနစ်သိန်းမှ  ရှစ်သိန်းဝန်းကျင်ကြား ရှိနေပြီး သြဂုတ်လဆန်းအထိ တန်ချိန် သုံးသိန်းခန့်မှာ ပြည်ပသို့ ပြန်လည် တင်ပို့ထားကြောင်းသိရပါတယ်။

 

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:27
Rate this item
(2 votes)