Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့လုံးတီးဆန်ကို ပြည်ပနိုင်ငံများသို့တရားဝင်တင်ပို့ခွင့်လိုင်စင်ထုတ်ပေးနိုင်ရန် ဆွေးနွေးလျက်ရှိ

မြန်မာ့လုံးတီးဆန်ကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ခွင့် လိုင်စင်ထုတ်ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါတယ်။

 

''လုံးတီးဆန်ကို  အချို့က   ကျန်းမာရေးအတွက် စားနေတဲ့နိုင်ငံတွေ ရှိတယ်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဌာနတို့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်အဆင့်ဆိုရင် ဘယ်အမှတ်လောက်ပေါ့။ ဘယ်အရည်အသွေးဆိုရင် ဘယ်ဈေးလောက်ပေါ့။ ဈေးနှုန်းကိုလည်း တအားအောက်ချပြီးတော့  ပို့မှာမဟုတ်ပါဘူး။ ထိုက်သင့်တဲ့ဈေးရရင် တော့ ကျွန်တော်တို့  နိုင်ငံအတွက်ဝင်ငွေလည်းရမယ်။အဲ့အတွက် တင်ပို့ဖို့တော့ အစီအစဉ်ရှိတယ်။ လက်ရှိမှာ တင်ပို့နေတဲ့ဆန်ဈေးနှုန်းနဲ့ ကွာဟချက်မရှိ အောင်တော့ ကျွန်တော်တို့ဘက်က  တွက်ရမှာပေါ့။ လုံးတီးတိုင်း တင်ပို့ရင် ကျွန်တော်တို့ ဘက်က  ဖွဲတွေ၊  ဆန်ကွဲတွေ ဘယ်လောက်လျော့သွားမလဲ။  နောက်ဆန်အတိုင်းပို့ရင် ဘယ်လောက်ကျမလဲ။ ဒါကတော့ ကျွန်တော် တို့ညှိနှိုင်းပြီးတွက်ရမယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ    ဘဏ္ဍာရေးမှူး  ဦးအောင်မြင့်က ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှ လုံးတီးဆန်ကိုဝယ်ယူရန် ၂ဝ၁၇ ခုနှစ်အတွင်းက ဥရောပနိုင်ငံအချို့နှင့်  တိုင်ဝမ်(တရုတ်)နိုင်ငံတို့က ကမ်းလှမ်းထားသော်လည်းတင်ပို့ခွင့်လိုင်စင်မရှိခြင်းကြောင့် တရားဝင်တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း  သိရပါတယ်။

 

''အဲဒါတွေကတော့ ဆန်ပို့တဲ့အောက်မှာ လုပ်ငန်းရှင်တွေကတော့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ ဆွေးနွေး နေကြတာပဲလေ။ လုံးတီးဆန်ကို နဂိုကလည်းတင်ပို့နေတာပါ။ လုံးတီးဆန်ကလည်း ဆန်အမျိုးအစားထဲမှာပါ တယ်။ စပါးကိုသာ တင်ပို့ခွင့်မပြု ထားတာပါ။

 

ဆန်ကွဲ၊ ဆန်ဖြူနဲ့ လုံးတီးဆန်ကို တင်ပို့နေတာ ရှိပါတယ်။ လုံးတီးဆန်က နိုင်ငံတကာ ဈေးကွက်မှာ နည်းတော့ နည်းတယ်။ အာဖရိက အချို့နိုင်ငံတွေက  လုံးတီးဆန်ကို ပြုတ်ဆန်အဖြစ် စားကြတာဖြစ်တယ်''ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့ပါတယ်။

 

မြန်မာ့လယ်ယာထွက် ဆန်တင်ပို့သည့် နိုင်ငံပေါင်း ၄ဝ၊ ဆန်ကွဲ တင်ပို့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိရာ  တရုတ်နိုင်ငံ ဈေးကွက်သို့ ဆန်  ၈ဝ ရာခိုင်နှုန်း တင်ပို့နေပြီး  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်းဆန်တန်ချိန် ၃ဒသမ ၅၈ သန်းတင်ပို့နိုင်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:11
Rate this item
(2 votes)