Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီဒိုးနားဟိုတယ်တွင် နွေဦးပွဲတော်နှင့် ချစ်သူများနေ့ကို ဆင်နွှဲကျင်းပသွားမည်

ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် နွေဦးပွဲတော်ဖြင့် ဝက်နှစ်အခါသမယကို ကြိုဆိုမည်ဖြစ်ပြီး ချစ်သူများနေ့ကိုလည်း အထူး packages အစီအစဉ်များဖြင့် ဆင်နွှဲ ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက် နေ့က ပြုလုပ်ခဲ့ပါတယ်။


နွေဦးပွဲတော် အစီအစဉ်များ
ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်နွေဦးပွဲတော်ကို ကြိုဆိုမည်ဖြစ်ရာ ကံကောင်းခြင်း၊ ကျန်းမာခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့အတွက် ဆုမွန်ကောင်းပြုရန် မိတ်ဆုံညစာစားပွဲများကို ကျင်းပကြသည်မှာ အစဉ်အလာတစ်ခုပင်ဖြစ်ပါတယ်။  

 

ဆီဒိုးနားဟိုတယ်ရန်ကုန်အနေဖြင့် သက်ရှည်ကျန်းမာခြင်း၊ လာဘ်လာဘတိုးပွားခြင်း၊ ဥစ္စာဓန ပေါကြွယ်ဝခြင်းတို့ ကို ကိုယ်စားပြုသည့် အထူး set menu သုံးမျိုးကို စီစဉ်ပေးထားပြီး ငါးယောက်စာ စားပွဲတစ်ဝိုင်းအတွက် USD 138 မှ စတင်ကျသင့်မှာဖြစ်ပါတယ်။

 

အထူးထင်ရှားသည့် ဟင်းလျာများအနက် တရုတ်ဟင်းလျာများဖြစ်သည့် ပဲပိစပ်ဆော့စ်နှင့် ကကတစ်ငါးကြော်၊ မှိုပွင့်နှင့် ပင်လယ်စာ၊ ဖက်ခွိုင်၊ သက်ရှည်ကျန်းမာခြင်း ဟောင်ကောင်ခေါက်ဆွဲ၊ ချာဆူးနှင့် ဆယ်လမွန်ရီဆန်၊ ဒယ်ပြားကြော် ပုဇွန်ကြားနှင့် ဆားကြက်ဥ၊ ငရုပ်ဟင်း တို့ပါဝင်ပါတယ်။

 

နွေဦးပွဲတော်၏ ရသကို ပိုမိုခံစားရစေရန်အတွက် တရုတ်ရွေမုန့်၊ အိမ်လုပ်မြေပဲကွတ်ကီး၊ အိမ်လုပ်ဝိုင်၊ Pu’er လက်ဖက်ရည်နဲ့ ပစိဖိတ်ခရုတို့ကဲ့သို့သော နှစ်ကူး အထူး လက်ဆောင်မွန်များ ပါရှိသည့် တန်ဖိုးကြီး အနီရောင် နွေဦးရာသီ လက်ဆောင်မွန်ခြင်း တို့ကိုလဲ USD 88 ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

IMG 4623

ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ပဲကြာဆံကိုအသုပ်သဘောမျိုး၊ အချိုအရသာပါပြီး ဆော်လမွန်ငါးလေးနဲ့မို့ စားလို့အရမ်းကောင်း

IMG 4688

သံပချုပ်အရည်လေးနဲ့ ဒင်ဆမ်းပြုလုပ်ထားတာဖြစ်ပြီး ဟင်းနုနွယ်ရွက်ကို မရောနစ်လေးနဲ့ အသုပ်ပုံစံမျိုးလေးလုပ်ထားတော့ စားလို့မြိန်တာပေါ့

IMG 4699

ကြက်ပေါင်းကို ရှားပါး ဝါးပင်ကရရတဲ့မှိုလေးနဲ့ အရည်သောက်လုပ်ထားတဲ့အတွက် သောက်လို့ကောင်း

IMG 4701

သက်ရှည်ကျန်းမာခြင်းမီနူးတစ်မျိုးဖြစ်တဲ့ ၀က်လက်ပေါင်းလေးပေါ့  တရုတ်ပြည်က ဝက်လက်ကို အထုံနည်းနည်းနဲ့ စီချွန်အရသာလေးပါတော့ အနည်းငယ်စပ်ပြီး မုန်ညင်းဖူးလေးနဲ့ဆိုတော့ စားလို့မြိန်တာပေါ့

IMG 4714

ကကတစ်ငါးလေးကိုကြော်ပြီး အပေါ်ယံမှ ပဲငါးပိနဲ့ စပိုင်စီဆော့ဆမ်းထားတဲ့အတွက် စားရတာ အရမ်းအရသာရှိသွားတာပေါ့

IMG 4721

ကျောက်ပုစွန်ကို မာမှာစိုးတဲ့အတွက် အလုံးကလေးတွေလုံးပြီး ဝါဆာဘိဆမ်းထား နဂါးမောက်သီးလေးတွေနဲ့ဆိုတော့ အရမ်းလိုက်ဖက်သွားတာပေါ့

IMG 4733

အရမ်းရှားပါးပြီး ဈေးနှုန်းအလွန်ကြီးတဲ့ ပင်လယ်မျှော့၊ ပင်လယ်ရေညှိကို ဘလိုကိုလီလေးနဲ့တွဲဖက်ထားတော့ ကျန်းမာရေးအတွက် အလွန်ကောင်းတာပေါ့

IMG 4739

သက်ရှည်ကျန်းမာစေရန်အတွက် ဝက်ဂုတ်သားကင်နဲ့ ခေါက်ဆွဲကြော်လေးပေါ့

IMG 4741

ကျန်းမာရေးနဲ့ညီညွတ်ပြီး ရင်ချောင်စေဖို့အတွက် ချင်းရည်နဲ့ကောက်ညှင်းလုံးလေးပေါ့

 

ချစ်သူများနေ့ အစီအစဉ်များ
ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် ရင်ခုန်ကြည်နူးစရာ packages များကို ဧည့်သည်တော်များအတွက် ရွေးချယ် နိုင်ရန် ပြင်ဆင်ပေးထားပါတယ်။

 

အထူးတလည်အဖြစ်ဆုံး အစီအစဉ် package တစ်ခုမှာ “Love in the Air” ဖြစ်ပြီး အဆိုပါ Package တွင် Anawratha Suite ၌ ၂ ညတာ တည်းခိုခွင့်၊ အခန်းရောက်ပို့ဆောင်ပေးသည့် နံနက်စာ၊ မိနစ် ၃၀ ကြာ ရဟတ်ယာဉ် စီးနင်းခွင့်၊ အဓိကဟင်းလျာ မျိုးပါဝင်သည့် အထူးသီးသန့်တည်ခင်းမှု၊ Dom Perignon ရှန်ပိန် တစ်ပုလင်း၊ နှင်းဆီ ၉၉ ပွင့်ပါ ပန်းစည်း၊ သီးသန့်ဝန်ဆောင်မှုပေးမည့် butler စသည်တို့ပါဝင်သွားမည်ဖြစ်ပြီး စုံတွဲတစ်တွဲအတွက် USD 9,999 ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

 

အခြားသော package အစီအစဉ်များအဖြစ်  နှင်းဆီနီ တစ်ပွင့်၊ ဘာဘီကျူးနှင့် ပင်လယ်စာ ဘူဖေးနှင့်အတူ စပါကလင်ဝိုင်၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဖျော်ရည်များ စိတ်ကြိုက်သောက်သုံးခွင့် ပါဝင်သော တစ်ဦးလျှင် USD 36 ကျသင့်မည့် D’Cuisine တွင် စားသုံးခွင့်အစီအစဉ်၌


    • စုံတွဲတစ်တွဲလျှင် USD 78 ကျသင့်မည့် Orzo ၏ ကြယ်ရောင်များအောက်တွင်  စပါကလင်ဝိုင် တစ်ခွက်နှင့်အတူ ဟင်းလျာ ၄ မျိုးပါဝင်သည့် ညစာ


    • စုံတွဲတစ်တွဲအတွက် USD 388 ကျသင့်မည့် ဟင်းလျာ ၅ မျိုး၊ ရှန်ပိန် တစ်ပုလင်း၊ ချစ်သူအတွက် လက်ဆောင်နှင့် သီးသန့်ဝန်ဆောင်မှုပေးမည့် butler တို့ပါဝင်သည့် အထူးသီးသန့် ညစာ


    • ချောကလက်၊ နှင်းဆီပန်းစည်း၊ ဝက်ဝံရုပ်တို့ကဲ့သို့သော လက်ဆောင်များကို ပြင်ဆင်ပေးထားပြီး ၂ဝ၁၉ ဖေဖော်ဝါရီ ၉ ရက် မှ ၁၄ ရက်အထိ ဖွင့်လှစ်ပေးထားမည့် Deli ကောင်တာ


    • လော်ဘီခန်းမတွင် USD 18 ဖြင့် ရရှိနိုင်မည့် လတ်ဆတ်သော စတော်ဘယ်ရီနှင့် ရှန်ပိန်တစ်ခွက်နှင့်အတူ မေတ္တာလက်ဆောင်တို့ ဖြစ်သည်။


Sedona Hotel Yangon ရှိ စားသောက်ဆိုင်များတွင် နေရာကြိုတင်ယူမှုများပြုလုပ်လိုပါက +95 1 860 5377 သို့ခေါ်ဆိုနိုင်ပါတယ်။ ဆီဒိုးနားဟိုတယ်အကြောင်းပိုမိုသိရှိလိုပါက www.sedonahotels.com.sg/yangon သို့မဟုတ် www.facebook.com/sedonayangon သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Read times Last modified on Thursday, 17 January 2019 10:56
Rate this item
(1 Vote)