Restaurants
ThaiBev ဘီယာရောင်းအား ကျဆင်းသဖြင့် ပထမသုံးလပတ် ဝင်ငွေ လျော့ကျ
ThaiBev ဘီယာရောင်းအား ကျဆင်းသဖြင့် ပထမသုံးလပတ် ဝင်ငွေ လျော့ကျ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အဆုံးသတ်သည့် ပထမ၃လပတ် အရောင်းဝင်ငွေ ဘတ် ၇၆.၁ ဘီလီယံ ရရှိခဲ့ကြောင်း Thai Beverage က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြောကြားသည်။
ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အရောင်းဝင်ငွေ ၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ယခင်နှစ် ပထမ၃လပတ်တွင် ဘတ် ၈၀.၉ ဘီလီယံ ရရှိခဲ့ပါသည်။
.
ဝင်ငွေလျော့ကျရသည်မှာ Thai Beverage လုပ်ငန်းစု၏ ဘီယာလုပ်ငန်းကဏ္ဍ အရောင်းဝင်ငွေ ၁၄% လျော့ကျခဲ့ခြင်းကြောင့်ဖြစ်သည်။ ၃ လတာ ဝင်ငွေ ဘတ် ၃၂.၆ ဘီလီယံ ရရှိခဲ့သည်။ ယခင်နှစ်က ပထမ၃ လပတ်တွင် ဘတ် ၃၇.၉ ဘီလီယံ ရရှိခဲ့သည်။ အဓိကအားဖြင့် ထိုင်းနှင့် ဗီယက်နမ်တွင် ဘီယာရောင်းအား ကျဆင်းခဲ့ပါသည်။
.
အရက်လုပ်ငန်းကဏ္ဍသည် အရောင်းဝင်ငွေ ဘတ် ၃၃.၉ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ထက် ၀.၅% ပိုများပါသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှ အရက်လုပ်ငန်းကဏ္ဍ ရောင်းအား ခိုင်မာသဖြင့် ဝင်ငွေ တိုးခဲ့ပါသည်။
.
အရက်မဟုတ်သော အဖျော်ယမကာ လုပ်ငန်းကဏ္ဍမှ အရောင်းဝင်ငွေသည် ၁.၆% တိုးခဲ့ပြီး ဘတ် ၄.၇ ဘီလီယံ ရရှိခဲ့ပါသည်။
.
စားသောက်ကုန် လုပ်ငန်းကဏ္ဍသည်လည်း အရောင်းဝင်ငွေ တိုးခဲ့ရာ ၅.၉% တိုးခဲ့ပြီး ဘတ် ၅ ဘီလီယံ ရရှိခဲ့ပါသည်။ အမှတ်တံဆိပ်များ ပိုမိုတွေ့မြင်နိုင်ခြင်း၊ စတိုးဆိုင်အသစ်များ ဖွင့်လှစ်ခြင်း၊ ဈေးနှုန်းအသစ်များဖြင့် အရောင်းမြှင့်တင်ခြင်းတို့ကြောင့် ဝင်ငွေ မြင့်တက်ခဲ့ပါသည်။
Source BT
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL