Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


သက်တမ်းလွန်ပစ္စည်း သုံးစွဲသည်ဟု စွပ်စွဲခံရသဖြင့် Starbucks ဆိုင်ခွဲနှစ်ခုပိတ်ထား

အမေရိကန် ကော်ဖီဆိုင်လုပ်ငန်း Starbucks က တရုတ်ပြည်မှာ ဖွင့်လှစ်ထားတဲ့ Starbucks ကော်ဖီဆိုင် နှစ်ဆိုင်ကို

ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာမှာ သက်တမ်းလွန်ပစ္စည်းတွေ သုံးစွဲပြီး ဖျော်ပေးနေတယ်လို့ သတင်းဖော်ပြထားပြီး အစားအသောက် ဘေးကင်းရေး စည်းကမ်းတွေ ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆိုင်နှစ်ဆိုင်ကို စစ်ဆေးဖို့အတွက် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

Beijing News သတင်းစာမှာ အသွင်ခံယူပြီး စုံစမ်းလေ့လာခဲ့ရာ၌ တရုတ်ပြည်အရှေ့ပိုင်းမှာ တည်ရှိတဲ့ ဝူစီမြို့မှာ ဖွင့်လှစ်ထားတဲ့ Starbucks ဆိုင်ခွဲနှစ်ခုမှာ သက်တမ်းကုန်ပြီး ရက်လွန်နေတဲ့ ပစ္စည်းများ သုံးစွဲပြီး ဖျော်ပေးနေကြောင်း သိရှိခဲ့ပြီး သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာ Starbucks ဆိုင်ခွဲတွေ တရုတ်ပြည်မှာ ဖွင့်လှစ်ရောင်းချတာ ၂၂ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမေရိကန်ပြီးလျှင် တရုတ်ပြည်ဟာ Starbucks အတွက် အကြီးမားဆုံး ဈေးကွက် ဖြစ်ပါတယ်။ Starbucks ကော်ဖီဆိုင်ခွဲ စုစုပေါင်း ၅,၃၆၀ ဖွင့်လှစ်ထားပါတယ်။

 

 

Read 2299 times
Rate this item
(0 votes)