Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီဂံ အစားအစာ ၂၀၂၅ တွင် ဒေါ်လာ ၂၁ ဘီလျံအထိ ရောက်ရှိမည်

ကမ္ဘာ့ အပင်အခြေပြု အသားဈေးကွက် (plant-based meat market ) ဟာ

အသစ်ထွန်းကားလာသော စားသောက်ကုန် ဈေးကွက်ဖြစ်ပြီး ကြီးထွားလာနေရာ၌ ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံအထိ ရောက်ရှိလိမ့်မယ်လို့ Zion Market Research ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပင်အခြေပြု အသားဈေးကွက် (plant-based meat market ) ဆိုတာ တကယ်တော့ သက်သတ်လွတ်စားသောက်သူတွေအတွက် စားစရာ ဈေးကွက် ဖြစ်ပြီး သာမန် သက်သတ်လွတ် စားသောက်တာနဲ့ မတူတာက အသားကို စားနေတဲ့အတိုင်း ဖြစ်အောင် ဖန်တီးပေးထားတဲ့ အသားတုတွေကို ဖန်တီးသုံးစွဲပေးထားတာ ဖြစ်ပါတယ်။ အဲဒီလို စားကြတာဟာ သက်သတ်လွတ်စားသူ vegetarian ကို အတိုကောက်အားဖြင့် ဗီဂံ vegan လို့ ပြောဆိုသုံးနှုန်းကြတယ်။ သက်သတ်လွတ်စားသူ vegetarian စစ်စစ် အပြည့်အဝ ဟုတ်ချင်မှ ဟုတ်မယ်။ အသားမစားသူလို့သာ ဆိုလိုပါတယ်။

လေ့လာမှုမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အချက်အလက်တွေ စုဆောင်းခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိကို ခန့်မှန်းပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေပြုပြီး နှစ်စဉ် ကြီးထွားနှုန်းကို တွက်ချက် ခန့်မှန်းတာမှာ ၂၀၁၉ မှ ၂၀၂၅ ခုနှစ်အတွင်း ကြီးထွားနှုန်း ၈.၆% ရှိမယ်လို့ အဖြေထုတ်ထားပါတယ်။

ဒေသအလိုက်ကြည့်မယ်ဆိုရင် အာရှိပစိဖိတ်ဒေသဟာ ဈေးကွက်ဝေစု အကြီးမားဆုံးကို စွဲကိုင်ထားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အထူးသဖြင့် တရုတ်မှာ အသားစစ်စစ်ကို ခုံမင်မှု သိသိသာသာ လျော့ကျသွားပြီး ရိုးရာအစားအစာ ဖြစ်တဲ့ တိုဖူးကို အသားအစား စားသုံးကြတာ ပိုများလာတယ်။ အင်ဒိုနီးရှားမှာလည်း ရိုးရာအစားအစာဖြစ်တဲ့ ပဲနဲ့ လုပ်တဲ့ တမ်ပေဟာ အသားအစားထိုး စားသုံးလို့ရတဲ့ အစားအစာ ဖြစ်ပါတယ်။ အဲဒီလို ရိုးရာဓလေ့မှာ အစားများတဲ့ အသားအစားထိုး ရှိထားနှင့်ပြီးသား ဖြစ်လို့ အပင်အခြေပြု အသားဈေးကွက်အတွက် စားသုံးမှုဓလေ့ ရှိထားနှင့်တာမို့ အခုလို ဈေးကွက်ဝေစု ကြီးမားမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။

ဗီဂံ ခေတ်စားလာတာကြောင့် စားသုံးသူတို့ရဲ့ စားသုံးမှု ဓလေ့တွေကို မျက်ခြည်မပြတ် လိုက်ကြည့်ပြီး ဖြည့်ဆည်းပေးကြတဲ့ Burger King, McDonald’s နဲ့ KFC တို့က ဗီဂင်ပုံစံဖြင့်လည်း စားလို့ရအောင် သူတို့ရဲ့ စားစရာတွေကို လုပ်ကိုင်ပေးထားကြတာ တွေ့ကြရတယ်။

 

 

ဗီဂံ အစားအစာ ၂၀၂၅ တြင္ ေဒၚလာ ၂၁ ဘီလ်ံအထိ ေရာက္ရွိမည္

ကမာၻ႔ အပင္အေျချပဳ အသားေဈးကြက္ (plant-based meat market ) သည္ အသစ္ထြန္းကားလာေသာ စားေသာက္ကုန္ ေဈးကြက္ျဖစ္ၿပီး ႀကီးထြားလာေနရာ၌ ၂၀၂၅ ခုႏွစ္တြင္ ေဈးကြက္ပမာဏ အေမရိကန္ေဒၚလာ ၂၀ ဘီလ်ံအထိ ေရာက္ရွိလိမ့္မယ္လို႔ Zion Market Research ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အပင္အေျချပဳ အသားေဈးကြက္ (plant-based meat market ) ဆိုတာ တကယ္ေတာ့ သက္သတ္လြတ္စားေသာက္သူေတြအတြက္ စားစရာ ေဈးကြက္ ျဖစ္ၿပီး သာမန္ သက္သတ္လြတ္ စားေသာက္တာနဲ႔ မတူတာက အသားကို စားေနတဲ့အတိုင္း ျဖစ္ေအာင္ ဖန္တီးေပးထားတဲ့ အသားတုေတြကို ဖန္တီးသုံးစြဲေပးထားတာ ျဖစ္ပါတယ္။ အဲဒီလို စားၾကတာဟာ သက္သတ္လြတ္စားသူ vegetarian ကို အတိုေကာက္အားျဖင့္ ဗီဂံ vegan လို႔ ေျပာဆိုသုံးႏႈန္းၾကတယ္။ သက္သတ္လြတ္စားသူ vegetarian စစ္စစ္ အျပည့္အဝ ဟုတ္ခ်င္မွ ဟုတ္မယ္။ အသားမစားသူလို႔သာ ဆိုလိုပါတယ္။

ေလ့လာမႈမွာ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ အခ်က္အလက္ေတြ စုေဆာင္းခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိကို ခန႔္မွန္းပါတယ္။ ရရွိထားတဲ့ အခ်က္အလက္ေတြအေပၚ အေျချပဳၿပီး ႏွစ္စဥ္ ႀကီးထြားႏႈန္းကို တြက္ခ်က္ ခန႔္မွန္းတာမွာ ၂၀၁၉ မွ ၂၀၂၅ ခုႏွစ္အတြင္း ႀကီးထြားႏႈန္း ၈.၆% ရွိမယ္လို႔ အေျဖထုတ္ထားပါတယ္။

ေဒသအလိုက္ၾကည့္မယ္ဆိုရင္ အာရွိပစိဖိတ္ေဒသဟာ ေဈးကြက္ေဝစု အႀကီးမားဆုံးကို စြဲကိုင္ထားလိမ့္မယ္လို႔ ခန႔္မွန္းပါတယ္။ အထူးသျဖင့္ တ႐ုတ္မွာ အသားစစ္စစ္ကို ခုံမင္မႈ သိသိသာသာ ေလ်ာ့က်သြားၿပီး ႐ိုးရာအစားအစာ ျဖစ္တဲ့ တိုဖူးကို အသားအစား စားသုံးၾကတာ ပိုမ်ားလာတယ္။ အင္ဒိုနီးရွားမွာလည္း ႐ိုးရာအစားအစာျဖစ္တဲ့ ပဲနဲ႔ လုပ္တဲ့ တမ္ေပဟာ အသားအစားထိုး စားသုံးလို႔ရတဲ့ အစားအစာ ျဖစ္ပါတယ္။ အဲဒီလို ႐ိုးရာဓေလ့မွာ အစားမ်ားတဲ့ အသားအစားထိုး ရွိထားႏွင့္ၿပီးသား ျဖစ္လို႔ အပင္အေျချပဳ အသားေဈးကြက္အတြက္ စားသုံးမႈဓေလ့ ရွိထားႏွင့္တာမို႔ အခုလို ေဈးကြက္ေဝစု ႀကီးမားမယ္လို႔ ခန႔္မွန္းတာ ျဖစ္ပါတယ္။

ဗီဂံ ေခတ္စားလာတာေၾကာင့္ စားသုံးသူတို႔ရဲ႕ စားသုံးမႈ ဓေလ့ေတြကို မ်က္ျခည္မျပတ္ လိုက္ၾကည့္ၿပီး ျဖည့္ဆည္းေပးၾကတဲ့ Burger King, McDonald’s နဲ႔ KFC တို႔က ဗီဂင္ပုံစံျဖင့္လည္း စားလို႔ရေအာင္ သူတို႔ရဲ႕ စားစရာေတြကို လုပ္ကိုင္ေပးထားၾကတာ ေတြ႕ၾကရတယ္။

Read times
Rate this item
(0 votes)