×

Warning

JUser: :_load: Unable to load user with ID: 540


နံရိုးပေါင်း ​ကော်​ရည်​​ခေါက်​ဆွဲ

နံရိုးပေါင်း ကော်ရည်ခေါက်ဆွဲကို ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင် မိသားစုဆုံတုန်းလေး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်​ပစ္စည်းတွေကတော့ ဝက်​နံရိုး၊ ကြက်​သွန်​ဖြူ၊ တရုတ်​ငံပြာရည်​ အကြည်​/အ​နောက်​၊ ကန်​စွန်းရွက်​၊ ပဲပင်​​ပေါက်​၊  မျှင်​ငါးပိ၊ ကြက်​ဥ၊ ​ကော်​မှုန့် နှင့် ​ခေါက်​ဆွဲတို့ လိုအပ်ပါမယ်။


ကော်ရည်ချက်ဖို့အတွက် ဝက်​နံရိုးကို တစ်ရေပြု တ်​ပြီး အရေသွန်ပြစ်လိုက်ပါ။

 

ပြီးလျှင် နံရိုးကို တရုတ်​ငံပြာရည်​ အကြည်​ ထည့်​ပြီး  ပြုတ်​ထား​ပေးပါ။ ပေါင်းအိုးနဲ့ ပြုတ်​ပါက ပို၍​ကောင်းပါတယ်။  

 

ပြီးနောက် သုံးနာရီခန့်​ ပြုတ်​ပြီး ဝက်​နံရိုးများ နူးလာပါက တရုတ်​ငံပြာရည်​ အ​နောက်​ထည့်​ ​မွှေ​ပေးပါ။

 

ပြီးလျှင်​ ​​​ရေအနည်းငယ်​နှင့်​​ဖျော်​ထား​သော ​ကော်​မှုန့်​ ကိုထည့်​လိုက်ပါ။ အရည်​များ ပျစ်လာပါ က ကြက်​ဥအကာ ထည့်​ပြီး အဆက်​မပြတ်​​မွှေ​ပေးပါ။ အဖတ်​ရှည်​ရှည်​ ဖြူဖြူ လေးများဖြစ်​လာပါက ​ကော်ရည်ရပါပြီ။

 

မျှင်​ငါးပိ ​ထောင်းနည်း


ပထမဦးဆုံး မျှင် ငါးပိ ကိုမီးကင်​​ပေးပါ။ ပြီးလျှင်  ကြက်​သွန်​ဖြူ၊ ငရုတ်​သီးစိမ်း ​လှော်​ပြီး ရော​​ထောင်း​ပေးပါ။ ပြီးနောက် အချို မှုန့်​ အနည်းငယ်​ ထည့်​​ထောင်း​ပေးပါ။  ချဉ်​စပ်​လေး စားချင်​ပါက သံပရာရည်​ ညှစ်​ထည့်​ပါ။ မထည့်​ရင်​​တော့ ​ကော်​ရည်​ ​ခေါက်​ဆွဲ နင့်​တွဲ စားပါက ​ကော်​ရည်​အရသာ ပို​ကောင်းပါတယ်​။

 

အရွက်ပြုတ်နည်း

 

ပဲပင်​​ပေါက်​ကို ရေနင့်​ သန့်​စင်​​အောင်​​ဆေးထား​ပေးပါ၊ ပြီးနောက် အိုးထဲသို့ ထည့်​ပြီး အဖုံး ခဏဖုံးပြီးအပူ​ပေးပါ။ ပြီးရင်တော့​ အိုးပူနှင့်​ လိမ့်​​ပေးပါ။ ပဲပင်​​ပေါက်​ နူးလာပါက မီးပိတ်​လို့ရပါပြီ။ ကန်​စွန်းရွက်​ကို ဆားရည်ဖြင့်ပြုတ်ပြီး ရေနွေးဆူလာပါက အိုးထဲသို့ထည့်၍ ပြန်ဆယ်ထုတ်ကာ ရေခဲရေဖြင့် ခဏစိမ်ပြီး ဆယ်ထားပေးပါ။

 

ကော်ရည်ခေါက်ဆွဲစားရင်တော့ ပန်ကန်လုံးထဲသို့ ကော်ရည်ထည့်၊ ခေါက်ဆွဲထည့်၊ အရွက်တွေထည့်ပြီး မျှင်ငါးပိလေးနှင့် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read 4174 times
Rate this item
(1 Vote)