Event & Exhibition



အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင် တက်ရောက်နိုင်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အစားအစာပြပွဲ ၂၀၂၃ သို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပါဝင် တက်ရောက်နိုင်ရန်  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဖိတ်ခေါ်ထားသည်။

 

ပြပွဲတွင် အစားအစာထုတ်လုပ်သူများ၊ စက်ပစ္စည်းကိရိယာ ထုတ်လုပ်သူများ၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများ၊ အအေးခန်း သိုလှောင်ရုံလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးလုပ်ငန်း အစပျိုး ဆောင်ရွက်သူများနှင့် လက်လီရောင်းချသူများ စသည့် နိုင်ငံအသီးသီးမှ စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင် ပြသကြမည် ဖြစ်သည်။

 

နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ရှာဖွေနိုင်မည် ဖြစ်ပြီး နိုင်ငံအလိုက် ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ အစိုးရဌာနများအကြား တွေ့ဆုံပွဲများကိုလည်း စီစဉ် ဆောင်ရွက် ထားရှိသည်ဟု ဆိုသည်။

 

ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ခြင်းဖြင့် အစားအစာ ထုတ်လုပ် ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု ကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မိတ်ဖက်နိုင်ငံ ( Partner Country ) အဖြစ် ပါဝင်မည်ဆိုပါက အနည်းဆုံး (၄၀၀) စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်ပြီး Focus Country အဖြစ် ပါဝင်ဆောင်ရွက်မည်ဆိုပါက အနည်းဆုံး (၂၀၀) စတုရန်းမီတာကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်သည်။

 

Partner/Focus Country အဖြစ် ပါဝင်မှုနှုန်းထားများမှာ နေရာသီးသန့်အလွတ် (Bare Space) (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၅၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈% ကျသင့်မည် ဖြစ်ပြီး ပြခန်းဆောင်အကြမ်းထည် ပါဝင်သည့် (Shell Space) အတွက် (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၈၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈ % ကျသင့်မည် ဖြစ်သည်။ 

 

Advertisement

Click Here > Tin Aye (U)

 

ကမ္ဘာ့အစားအစာပြပွဲ (၂၀၂၃) သို့ ပါဝင် တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှု အသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲကျင်းပရေးဆိုင်ရာ ကော်မတီဖြစ်သည့်… 

 

Ministry of Food Processing Industries Government of India 

Mr. Jitendra Kumar. Director

Ph: 011-26496647

Email: world-foodindia@gov.in

 

Invest India National Investment Promotion & Facilitation Agency

Ph: 011-23048155

Email: foodprocessing@investindia.org.in သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး 

 

Sponsorship နှင့် Participating အတွက်…

Mr. Abhinav Singh, Head Food Processing & CIFTI

Ph: +91-9810160351

 

Exhibition Participation အတွက်… 

Mr. Kunal Chaudhary, Deputy Director

Ph: +91-9650282444

Email: kunal.chaudhary@ficci.com 

 

Mr. Apoorv Bhatnagar, Deputy Director

Ph: +91-9891444339  

Email: apoorv.nhatnagar@ficci.com သို့ တိုက်ရိုက် စာရင်းပေးပို့နိုင်ကြောင်း သိရသည်။

 

ပါဝင် တက်ရောက်သူများအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/ အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့ကို ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁) သို့ မိတ္တူပေးပို့နိုင်သည်ဟု ဆိုသည်။

 

Read times
Rate this item
(0 votes)