Food & Livestock
Food tourismနဲ့ပတ်သက်ပြီး သင်သိကိုသိရမယ့်အချက်များ
“Food is a part of life , it is a part of culture as well!” အစားအသောက်ဆိုတာ လူသားတွေ အသက်ရှင်နေထိုင်ဖို့ အခြေခံကျတဲ့လိုအပ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါကိုတော့ လူသားတိုင်း သိထားကြပြီး ဖြစ်မှာပါ။ လူတော်တော်များများ သတိမထားမိတဲ့အချက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တွေမှာ စာပေ၊ ဗိသုကာပညာ၊ လက်မှုပညာ တို့အပြင် အစားအသောက်လည်း ပါဝင်တယ်ဆိုတာကိုပါဘဲ။ ဒါကြောင့် အစားအသောက်ကလည်း ယဉ်ကျေးမှုအမွေအနှစ်တွေထဲက တစ်ခုအပါအဝင်ဆိုတာကို သတိထားမိသွားတဲ့ ၂၀ရာစုနောက်ပိုင်းမှာတော့ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဒေသထွက်အစားအသောက်တွေကိုသာ သွားရောက်လေ့လာချင်သူတွေအတွက် Food tourismလို့ခေါ်တဲ့ travelling typeတစ်မျိုးခေတ်စားလာခဲ့ပါတယ်။ ဒါကတော့ Food tourismဘဲ ဖြစ်ပါတယ်။
Food tourismဆိုတာကဘာလဲ???
Food tourismဆိုတာက နေရာဒေသတစ်ခုမှာရှိတဲ့ အထင်ကရဖြစ်သော အစားအသောက်တွေရဲ့ အနှစ်သာရကို လေ့လာချင်တဲ့ ရည်ရွယ်ချက်ဖြင့် ခရီးသွားခြင်းကို ဆိုလိုပါတယ်။ Food tourismကို တစ်နည်းအားဖြင့် culinary tourismလို့လဲ ခေါ်ပါသေးတယ်။ အစားကောင်းကြိုက်ပြီး ခရီးသွားခြင်းကိုပါ စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ Food tourism ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် World Food Travel Association ဟာ 2019မှစ၍ နှစ်တိုင်းရဲ့ April 18th ကို World Food Travel Day အဖြစ်သတ်မှတ်ခဲ့ပါတယ်။
Food tourism အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံးနိုင်ငံတွေကဘာတွေဖြစ်မလဲ???
Food tour အတွက်ဆို ရွေးချယ်သင့်တဲ့ အကောင်းဆုံးနေရာတွေထဲက နိုင်ငံ(၃)နိုင်ငံကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ အီတလီ
အီတလီရောက်ရင်တော့ mozzarella di bufala (အီတလီဒိန်ခဲ)နဲ့ လုပ်ထားတဲ့ပီဇာ၊ pesto (ပင်စိမ်းနဲ့ကြက်သွန်ဖြူရောကြိတ်ပြီးမှရလာသောအနှစ်)နဲ့လုပ်ထားသော ပါစတာ၊ ravioliပါစတာ၊ Fontina (အီတလီချီးစ်) စသည့် အီတလီစာတွေကို စားကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့သွားပြီး အမျိုးမျိုးသောဝိုင်များကို အီတလီချီးစ်၊ ဝက်ပေါင်ခြောက်တို့ဖြင့် တွဲဖက်မြည်းစမ်းကြည့်ပါ။ သင့်ကိုလုံး၀စိတ်မပျက်စေရပါဘူး။
၂။ ထိုင်း
ထိုင်းအစားအစာသည် နူးညံ့မွှေးကြိုင်ပြီးစပ်ပါတယ်။ နာမည်ကြီးဟင်းလျာတွေကတော့ Tom Yum Goong (ပုစွန်ဟင်းချိုအစပ်)၊ Tom Kha Kai (အုန်းနို့ကြက်သားဟင်း)၊ Pad Thai (ထိုင်းစတိုင်ခေါက်ဆွဲကြော်)၊ Gaeng Keow Wan Kai (ကြက်သားအစိမ်းရောင်ချက်)တို့ဘဲဖြစ်ပါတယ်။ ဟင်းလျာထဲတွင် အသုံးပြုလေ့ရှိသော ပါဝင်ပစ္စည်းတွေကတော့ လတ်ဆတ်သောအမွှေးအကြိုင်များနှင့်ဟင်းသီးဟင်းရွက်များ၊ ဆန်ခေါက်ဆွဲ၊ ငါးငံပြာရည်၊ မြေပဲ၊ မန်ကျည်း၊ ထိုင်းပင်စိမ်းတို့ဘဲဖြစ်ပါတယ်။
၃။ အိန္ဒိယ
အိန္ဒိယအစားအစာတွေကတော့ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပတ်သက်ဆက်နွယ်ပါတယ်။ အများဆုံးသုံးတဲ့ ပါဝင်ပစ္စည်းတွေကတော့ မဆလာ၊ ငရုတ်သီး၊ ကာဒွန်၊ မုန်ညင်းစေ့၊ ဇီရာ၊ နနွင်း၊ ဂျင်း၊ နှင့်ကြက်သွန်ဖြူတို့ဘဲ ဖြစ်ပါတယ်။
နာမည်ကြီးဟင်းလျာတွေကတော့ Biryani (ဒံပေါက်)၊ Tandoori (ဒိန်ချဉ်နှင့်ဟင်းခတ်အမွှေးအကြိုင်များဖြင့်နှပ်ထားသောကြက်ကင်)၊ Chole bhature (ကုလာပဲဟင်း)၊ Gulab jaamun (အချိုပွဲ)တို့ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သက်သက်လွတ်ဟင်းလျာတွေနှင့် indian street foodတွေကို စမ်းစားကြည့်ဖို့ကိုလည်း လုံး၀မမေ့လိုက်ပါနဲ့ရှင်။
Food tourism မှာ ဘာ activitiesတွေလုပ်လို့ရလဲ???
များသောအားဖြင့် food tourismမှာ လုပ်လို့ရတဲ့ activitiesတွေကတော့ -
Food Tour
Food tour ဆိုတာကတော့ ရိုးရာစားသောက်ဆိုင်တွေမှာရောင်းတဲ့ ရိုးရာမုန့်တွေ၊ လမ်းပေါ်မှာရောင်းတဲ့ ဒေသထွက်အစားအသောက်တွေ၊ အဆာပြေမုန့်နဲ့ ဖျော်ရည်ယမကာတွေကို ကိုယ်တိုင်ကိုယ်ကျ လှည့်လည်မြည်းစမ်းကြည့်နိုင်မယ့် activity မျိုးကိုဆိုလိုပါတယ်။ ဒေသခံလူတွေနဲ့ ပိုမိုထိတွေ့မှု ရရှိနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။
Cooking Classes
Cooking class ကတော့ ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်သည့် food tourism activity တစ်ခုဖြစ်ပါတယ်။ ဒီactivityမှာတော့ စားချင်တဲ့ အစားအသောက်တွေကို ကိုယ်တိုင်စျေးသို့သွားပြီး ကိုယ်တိုင်ချက်ပြုတ်ရသည့် အတွေ့အကြုံကိုရရှိမှာ ဖြစ်ပါတယ်။ မချက်တတ်မှာတော့ မစိုးရိမ်ပါနဲ့။ ချက်ပြုတ်ရာတွင်လည်း ဟိုတယ်ရဲ့ စားဖိုမှူးကိုယ်တိုင် သို့မဟုတ် ဒေသခံလူကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။
Wine Tasting
Wine tasting လို့ဆိုတဲ့အတိုင်း ဝိုင်၊ ဘီယာ၊ အရက် တွေကို သဘောကျနှစ်သက်သူတွေအတွက်ကတော့ လုပ်ကိုလုပ်ရမယ့် activityဖြစ်ပါတယ်။ ဘယ်ဝိုင်ကဘယ်လိုအရသာရှိလဲ? ဘယ်ဝိုင်တွေက ဘယ်အသီးနဲ့လုပ်ထားတာလဲ? ဘယ်ဝိုင်ကဘယ်လိုအမြည်းတွေနဲ့ဆိုပိုလိုက်ဖက်မလဲ? စသည့်မေးခွန်းတွေရဲ့ အဖြေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။
Local Producers Visit
ခရီးသွားဧည့်သည်များသည် လယ်ယာစိုက်ခင်းတွေ၊ အစားအစာနှင့်အဖျော်ယမကာ ထုတ်လုပ်သူများထံသွား၍ အစားအစာထုတ်လုပ်ပုံတွေ၊ သီးနှံစိုက်ပျိုးပုံတွေကို လေ့လာလိုကြပါတယ်။ ဥပမာ- ပျားရည်၊ ဒိန်ခဲ၊ ဝိုင်၊ နှင့်သစ်သီးစိုက်ခင်းများသို့ သွားရောက်လည်ပတ်ခြင်းဖြင့် စိတ်အပန်းဖြေနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Food tourism ဆိုတာဘာလဲ? Food tourismအတွက် ဘယ်နိုင်ငံတွေကို လည်ပတ်ဖို့ ရွေးချယ်သင့်သလဲ? ဘာactivitiesတွေလုပ်ပြီ ဘယ်လိုရင်ခုန်စရာ အတွေ့အကြုံတွေကို ရနိုင်မလဲ? ဆိုတာတွေကို သိသွားကြပြီလို့ ထင်ပါတယ်။ ခရီးသွားတဲ့အခါ ဒေသရဲ့အလှအပ၊ အထင်ကရနေရာတွေ၊ သမိုင်းဝင်အဆောက်အဦးတွေရဲ့ အကြောင်းကိုဘဲ မလေ့လာပါနဲ့။ ထိုဒေသရဲ့ ဒေသထွက်အစားအသောက်တွေ၊ ရိုးရာအစားအသောက်တွေရဲ့အရသာကိုပါ မြည်းစမ်းကြည့်ပါ။ လေ့လာကြည့်ပါ။ ဒါမှသာ ခရီးသွားခြင်းရဲ့ အနှစ်သာရအစစ်၊ အတွေ့အကြုံအသစ်တွေကို ရရှိမှာဖြစ်ပါတယ်။ လိုရာခရီးကိုသွားနိုင်ကြပြီး ခရီးသွားခြင်းရဲ့ အနှစ်သာရအစစ်ကို ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
Ref : https://worldfoodtravel.org/what-is-food-tourism/
Author - Thadar (Myanmar Food Guide)