×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာရိုးရာ အစားအစာ ၁၀မျိုး

မြန်မာရိုးရာ အစားအစာ ၁၀မျိုး Google

နောက်ပိုင်းမှာ မြန်မာနိုင်ငံသည် ထူးခြားတဲ့ ခရီးသွားလုပ်ငန်းသစ် တစ်ခုအဖြစ် ရပ်တည်လာပါပြီ။ ဒါ့ကြောင့် ဆွဲဆောင်မှုရှိတဲ့ ကျွန်တော်တို့ နိုင်ငံကို ခရီးသွား နိုင်ငံခြားသား/သူတွေက လာရောက်လည်ပတ်ကြပါတယ်။

 

လာရောက်လည်ပတ်ချိန်မှာ မြန်မာနိုင်ငံမှ ရိုးရာအစားအစာများစွာကို မြည်းစမ်းကြပါတယ်။ ၎င်းရိုးရာအစားအစာတွေထဲကမှ လူကြိုက်အများဆုံး Top 10အစားအစားတွေနှင့် ၎င်းအစားအစာ အကြောင်းများကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

 

၁။ လက်ဖက်ရွက်သုပ်

 

Tea leaf salad myanmar food

 

၎င်းသည် လူကြိုက်အများဆုံး မြန်မာအစားအစာ ဖြစ်သည်။ အဓိက လက်ဖက်ရွက်နှင့်အတူ ခရမ်းချဉ်သီးများ၊ အခွံမာသီးများ၊ ပဲစေ့များနှင့် ရောနှောထားပြီး အချဉ်၊ အခါး၊ အစပ်၊ အချို၊ အငံ စတဲ့ အရသာစုံ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ ဒီဟင်းလျာကို မြန်မာလူမျိုးတွေက သရေစာတစ်ခု အဖြစ်စားသုံးကြသလို ထမင်းနဲ့လည်းတွဲပြီး စားသုံးကြပါတယ်။

 

၂။ ရှမ်းထမင်း

 

Shan-style rice Myanmar food

 

၎င်းထမင်းသည် နနွင်းနဲ့ချက်ပြုတ်ထားသော ရေချိုငါးနှင့် ကြက်သွန်ဖြူဆီ အပြင် ကြက်သွန်မြိတ်အမြစ်များ၊ ကြက်သွန်ဖြူ နှင့် နူးအိနေသော ဝက်သားတို့ ပါဝင်နေပြီး အရသာရှိသော အစားအစာ တစ်မျိုးဖြစ်ပါတယ်။

 

၃။ ဟင်းလျာများ

 

Curry Myanmar Food

 

ဟင်းကတော့ ဝက်သား၊ ငါး၊ ပုဇွန်၊ အမဲသား၊ သို့မဟုတ် သိုးသား စတဲ့ အရသာရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။ ယင်းတို့မှာ ဟင်းခပ်အမွှေးအကြိုင်များနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပါဝင်ပါတယ်။ ၎င်းကို ထမင်းနှင့် ဟင်းချိုတစ်ခွက်နဲ့သာ တွဲစားသုံးလိုက်ပါက အလွန်ကို အရသာရှိနေမှာ ဖြစ်ပါတယ်။

 

၄။ လက်ဖက်ရည်ဆိုင် အစားအစာ

 

Deep-dried snacks Myanmar Food

 

လက်ဖက်ရည်ဆိုင်များသည် လက်ဖက်ရည်နှင့် နို့ဖြင့်ပြုလုပ်ထားသောမြန်မာအစားအစာတွေရဲ့ အရသာကို ခံစားဖို့ အလွန်ကောင်းသောနေရာများဖြစ်သည်။ ၎င်းလက်ဖက်ရည်ဆိုင်မှာ မြန်မာ့ရိုးရာ သရေစာများစွာ စားသုံးနိုင်ပါတယ်။

 

၅။ ပဲကြော် သရေစာများ

 

Sanctum Inle Myanmar Sweet Snacks

 

အရှေ့တောင်အာရှရှိ အခြားနိုင်ငံတွေမှာ များသောအားဖြင့် သရေစာကို သကြားလုံးလို့သတ်မှတ်ထားကြပေမယ့် မြန်မာနိုင်ငံက အုန်းသီး၊ အုန်းနို့၊ ဆန်မှုန့်၊ ထမင်းခြောက်ကြော်၊ ပီလောပီနံ၊ အသီးအနှံများနှင့် ပဲကြော်အမျိုးမျိုးကို သရေစာလို့ သတ်မှတ်ကြပါတယ်။

 

၆။ ဝက်သား/အမဲသား တုတ်ထိုးများ

 

Deep-fried stuff Myanmar Food

 

မြန်မာနိုင်ငံတွင် လူကြိုက်များသော အစားအစာများစွာရှိသည်။ လမ်းပေါ်တွင် သို့မဟုတ် လက်ဖက်ရည်ဆိုင်များတွင် ရိုးရာအစားအစာအမျိုးမျိုးကို တွေ့နိုင်ပါသည်။ ၎င်းထဲကမှလူကြိုက်အများဆုံး အစားအစာတွေကတော့ ဘရာကြော်များ၊ အသုပ်စုံများ၊ ဝက်သား/အမဲသား တုတ်ထိုး၊ ကော်ပြန့်စိမ်း စတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

 

၇။ ရှမ်းတို့ဟူးခေါက်ဆွဲ

 

Shan-style-tofu-noodle-myanmar-food

 

တကယ်တော့ tofu မပါ၀င်ပါဘူး။ ဆန်ခေါက်ဆွဲ၊ ပြုတ်ထားသော ကြက်သား သို့မဟုတ် ဝက်သား တို့ဖြင့်ပြုလုပ်ထားတာဖြစ်ပြီး ငရုတ်သီးဆီ၊ ဟင်းသီးဟင်းရွက်၊ ဟင်းရည်နှင့် ဟင်းခပ်အမွှေးအကြိုင်များ စတာတွေ ပါဝင်ပြီး ပြီးပြည့်စုံတဲ့ အရသာရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

 

၈။ နန်းကြီးသုပ်

 

Nyangy Thoke Myanmar

 

ကမ္ဘာလှည့်ခရီးသည်တွေက ခေါက်ဆွဲသုပ်များကို ကြိုက်ကြပြီး လူကြိုက်အများဆုံးကတော့ နန်းကြီးသုပ်ဖြစ်သည်။ ပျှမ်းမျှအားဖြင့် ကြက်သားဟင်းအနှစ်၊ ဆန်ခေါက်ဆွဲများ၊ ပဲမှုန့်များနှင့် ကြက်ဥအချပ်များ ပါဝင်တဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်ပါတယ်။

 

၉။ မုန့်ဟင်းခါး

 

Mohinga Myanmar Food

 

မုန့်ဟင်းခါးနဲ့ မြန်မာက ခွဲခြားလို့မရလောက်အောင် ထူးခြားပါတယ်။ ၎င်းကို အနှစ်သက်ဆုံးနံနက်စာ တစ်ခုဖြစ်သော်လည်း နေ့ရောညပါ အချိန်မရွေး စားသုံးနိုင်ပါတယ်။

 

၁၀။ ရှမ်းခေါက်ဆွဲ

 

Shan-style-noodles Myanmar Food

 

ခေါက်ဆွဲနဲ့အတူ ကြက်သား၊ ဟင်းသီးဟင်းရွက်များနှင့်ပြုလုပ်ထားသည်။ အခြားခေါက်ဆွဲဟင်းလျာများနှင့်နှိုင်းယှဉ်လျှင် ၎င်းသည် အတော်လေးရိုးရှင်းသော်လည်း အရသာရှိသော အစားအစာဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းလူမျိုးတို့ရဲ့ ရိုးရာအစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

 

Written By Omega

 

Source:sanctum-inle-resort

Read times
Rate this item
(8 votes)