×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေးငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေးငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြု Google

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေး ငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ

ကမ်းဝေး ငါးဖမ်းလုပ်ငန်းခွင်ရှိရာ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြုပြီးဖြစ်သည်။

 

ထို့ကြောင့် ၎င်း ငါးဖမ်းစက်လှေများနှင့် ကျားဖောင်များပေါ်တွင် လိုက်ပါကြမည့် ရေလုပ်သားများကို ရေလုပ်သားကတ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဓမင်းဆိပ်နှင့် ပုသိမ်စစ်ဆေးရေးဂိတ်များမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု မဖြစ်ပေါ်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ဖျာပုံမြို့ပေါ်တွင် သာမဟုတ်ပဲ ကျေးရွာများအထိ သွားရောက်ကာ ရေလုပ်သား ကတ်များ ဆောင်ရွက် ပေးလျက်ရှိသည်။

 

"ယခင်နှစ်တွေက ပင်လယ်ပြင်လုပ်ငန်းခွင်သို့ ရောက်ပြီးမှ ပြန်လာလုပ်ခိုင်းရခြင်းက အဆင်ပြေမှု မရှိသောကြောင့် ယခုနှစ်တွင် ရေလုပ်သားများကို ရေလုပ်သားကတ် ပြုလုပ်ပြီးမှသာ ကျားဖောင်များပေါ်သို့ တက်ခွင့်ပြုမည် ဖြစ်ပြီး ရေလုပ်သား ကတ်ပေါင်း တစ်သောင်းကို အချိန်မီပြီးစီးအောင် ညှိနှိုင်းလုပ်ဆောင်ပေးလျက် ရှိတယ်"

 

"ရေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်သူများ အဆင်ပြေစေရန်နှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုရန် အသက်အာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင် လုပ်ဆောင် ထားကြရန်လည်း မှာကြားထားပြီးဖြစ်ကာ ပင်လယ်ပြင် ဘေးကင်းလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းစေရေး အတွက် အသက်ကယ် အထောက်အကူပြုပစ္စည်းများ တစ်ပါတည်း ယူဆောင်သွားကြရန် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပါတယ်" လို့ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဠ်လွင်က ပြောကြားခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်း လှေများမှာ ဖျာပုံတွင် ၃၆၉ စီး၊ ဘိုကလေးတွင် ၂၆ စီးနှင့် ဟိုင်းကြီးကျွန်း တွင် ၈၆ စီး၊ စုစုပေါင်း ၄၈၁ စီးရှိတယ်လို့ တိုင်းငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။

 

ထပ်မံသိရှိရန် ....

မြန်မာ့ပင်လယ်ပြင်အတွင်း ငါး ၊ ပုစွန် တန်ချိန် ဝ.၁ သန်းသာ ဖမ်းဆီးခွင့်ပြု

 

By Wyk(Myanmar Food Guide)

 

Moi.Gov

Read times
Rate this item
(0 votes)