Food & Livestock



ပြည်တွင်းဈေးကွက် လိုအပ်ချက် ဖြည့်တင်းရန် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံများကို အိန္ဒိယ ဝယ်ယူမည်

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့် မတ်ပဲ အထွက်နည်းပြီး ၎င်းပဲနှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်နေသည့်အတွက် ပြည်ပမှ ပဲစင်းငုံနှင့် မတ်ပဲများကို တင်သွင်းပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းမည်ဟု သိရသည်။ 

 

အိန္ဒိယအစိုးရသည် ဈေးနှုန်းမြင့်တက်နေသည်ကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းဈေးကွက်တွင် လုံလောက်စွာ ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် (၄) သိန်းနှင့် မတ်ပဲ တန်ချိန် (၁) သန်းခန့် တင်သွင်းရန်  စီစဉ်လျက် ရှိသည်။

 

ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ မြင့်မားနေသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် (၄) သိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအသုတ် တင်သွင်းရန် အစီအစဉ် ရေးဆွဲထားသည်။ 

 

Advertisement

Click Here > Grand Winner

 

The Economic Times သတင်းအရ အိန္ဒိယအစိုးရသည် ရိတ်သိမ်းဆဲကာလတွင် ပဲစင်းငုံနှင့် မတ်ပဲတို့ကို ထပ်မံ တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ထုတ်လုပ်မှု နည်းပါးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ထားပြီး ဈေးကစားကြခြင်းကို တားဆီးရန် အစိုးရက သိုလှောင်မှု ပမာဏကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဒီဇင်ဘာလကုန်အထိ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။ 

 

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲနည်းတူ တခြားစိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်သည့် ဂျုံ၊ ဆန်၊ ကြက်သွန်နီ ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

 

Source : Economic Times

Read times Last modified on Tuesday, 12 December 2023 13:51
Rate this item
(0 votes)