×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အကြောင်းအရာများကို FDAမှ အသိပေးထုတ်ပြန်ကြေညာ

အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အကြောင်းအရာများကို FDAမှ အသိပေးထုတ်ပြန်ကြေညာ Google

အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အကြောင်းအရာများကို FDAမှ အသိပေးထုတ်ပြန်ကြေညာထားပါသည်။

 

အသိပေးကြေညာချက်


စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏ ဈေးကွက်ထောက်လှမ်း ခြင်းနှင့်နမူနာကောက်ယူစစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် Health Supplements (၄) မျိုးကို စစ်ဆေးရာ အနောက်တိုင်းဆေးဝါးများ ရောနှောပါဝင်နေသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန် ကြေညာထားပါသည်။ ၎င်း Health Supplements များမှာ Nutriline Thinsline Sachet, Nutriline Cleansline Sachet, Wholly Fitz "Passion Lemon Tea" with Guarana Powder and Hoodia Gordonii Extract Sachet နှင့် Kimiso Dark Chocolate တို့ဖြစ်သည်။ 


Nutriline Thinsline Sachet တွင် Sibutramine ပါဝင်နေခြင်း၊ Nutriline Cleansline Sachet တွင် Sennosides ပါဝင်နေခြင်း၊ Wholly Fitz “Passion Lemon Tea" with Guarana Powder and Hoodia Gordonii Extract Sachet တွင် Sibutramine ပါဝင်နေခြင်းနှင့် Kimiso Dark Chocolate တွင် Sibutramine နှင့် Diphenhydramine ပါဝင်နေကြောင်း ဖော်ပြထားပါသည်။


Sibutramine ဆေးဝါးကို USFDA နှင့် စင်္ကာပူနိုင်ငံတို့မှ ၂၀၁၀ ခုနှစ်ကတည်းက ဈေးကွက်အတွင်းမှ ရုတ်သိမ်းထားကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင် ခြင်းကို ငြင်းပယ်ထားပြီးဖြစ်ပါသည်။ Sibutramine ၏ ဘေးထွက်ဆိုးကျိုးများမှာ နှလုံးနှင့် ပတ်သက်သည့်ရောဂါများ (heart attacks and stroke)၊ ရင်တုန်ခြင်း (palpitation)၊ စိတ် ရောဂါများ စသည်တို့ကိုဖြစ်စေနိုင်ပါသည်။


Sennosides ဆေးဝါးကို ဝမ်းချုပ်သည့်လူနာများတွင် ဝမ်းပျော့ဆေးအနေဖြင့် အသုံး ပြုသည်။ ၎င်း၏ အဓိကဘေးထွက်ဆိုးကျိုးများမှာ ဝမ်းဗိုက်ရစ်၍နာခြင်း (Abdominal cramps) ဖြစ်ပါသည်။ ကြာရှည်စွာစွဲသောက်ပါက ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ကလိုရိုက် စသည့်ဓါတ်များ ဆုံးရှုံးခြင်း (Electrolytes Problem) ကိုဖြစ်စေနိုင်ပါသည်။


သို့ဖြစ်ပါ၍ ၄င်းဆေးဝါးများကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများအနေဖြင့် အဆိုပါဆေးဝါးများ၏ဘေးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်စေရန် အတွက် အသိပေးကြေညာအပ်ပါသည်။ အချိန်တိုအတွင်း ပိန်သည်ဟု ကြော်ငြာရောင်းချနေသည့် Products များသည် သုံးစွဲသူ၏ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါသည်။ တိကျ ခိုင်မာမှုမရှိဘဲ ရောင်းချနေသည့် Online source မှ Products များ အထူးသဖြင့် ဆေးများကို ဝယ်ယူရန်မသင့်ပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

119644631_3537330042956554_1843459938193953918_n.jpg

 

119991996_3537330109623214_5357185138784368257_n.jpg

 

By Myanmar Food Guide 

FDA

Read times
Rate this item
(0 votes)