Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ငါးအချိုပေါင်း

တရုတ်ဟင်းလျာ ငါးပေါင်းကို လူကြီးရော ကလေးများပါ ကြိုက်နှစ်သက်ကြပါတယ်။ ယခု ငါးကို အချိုပေါင်းပြီး အနံ့အရသာမွှေးမွှေးနဲ့ စားလို့ကောင်းတဲ့အတွက် လမ်းညွှန်လိုက်ခြင်းဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများကတော့ ငါး၊ ခ်ျငး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆီ၊ ၀ိုင်၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး၊ သကြား၊ ကြက်သားမှုန့်တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးသန့် စင်ထားပါ။ ချင်း လက်တစ်ဆစ်ကို မညက်တညက်ထောင်းထားပါ။

 

ကျန်ချင်းလက်တစ်ဆစ်ကို အချောင်းသေးသေးလေးတွေဖြစ်အောင်လှီးထားပါ။ ကြက်သွန်မြိတ်ရဲ့အစိမ်းပိုင်းကို ပဲယူပြီး အမျှင်လေးတွေဖြစ်အောင် လှီးထားပါ။

 

ပြီးနောက် ပန်းကန်လုံး တစ်လုံးထဲသို့ ရေ၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး၊ သကြား၊ ဟင်းချက်ဝိုင်၊ ကြက်သားမှုန့်တို့ကို သမအောင်ပြုလုပ်ထားပါ။

 

ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲတွင် ငါးကို ထည့်ပြီး ငါးအပေါ်ကို ထောင်းထားသော ချင်းမှအရည်များညှစ်ချပါ။

 

ချင်းဖတ်များကို ငါး၏ ဗိုက်ထဲသို့ထည့်၍ အစာသွပ်ပါ။ ဟင်းချက်ဝိုင်လည်း ငါးပေါ်ကို ဆမ်းပေးပါ။ ပြီးလျှင် ၁၅ မိနစ်ခန့် ပေါင်းပေးထားပါ။

 

ပြီးနောက် ပေါင်းပြီး ငါးမှ ထွက်လာသော အရည်များကို သွန်ပစ်ပါ။ ပြီးလျှင် ငါးပေါ်ကို ချင်းချောင်းလေးများ ဖြူးထားပါ။


ဒယ်အိုးတစ်ခုထဲတွင် ဆီထည့်၍ အပူပေးပါ။ ဆီပူလာလျှင် ငါးပေါ်သို့ ဆမ်းချပါ။

 

ဆီအပူပေးထားသော ဒယ်အိုးထဲကို သမအောင်ဖျော်ထားသော  ရေ၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး၊ သကြား၊ ဟင်းချက်ဝိုင်၊ ကြက်သားမှုန့်တို့ကို သမအောင်ပြုလုပ်ထားတာကို အပူပေးလိုက်ပါ။ အရည်များ ပွက်လာလျှင် ငါးပေါ်ကို လောင်းချပါ။

 

ပြီးနောက် ကြက်သွန်မြိတ်နှင့် နံနံပင်ကို ငါးအပေါ်မှ ဖြူးပေးပါ။ ပြီးရင်တော့ ထမင်းမြိန်စေမယ့် ငါးပေါင်းပူပူလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 27 October 2018 11:15
Rate this item
(3 votes)