Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်စွန်းရွက်နှင့်ပဲပြားကြော်

ဒီတစ်ပတ် သတ်သတ်လွတ်သမားများအတွက် ကန်စွန်းရွက်နှင့် ပဲပြားကြော်ကို

တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကန်စွန်းရွက် ၂ စည်း၊ ပဲပြား ၁ တုံး၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ကြက်သွန်နီ ၂ လုံး၊ ကြက်သွန်ဖြူ အနည်းငယ်နှင့် ဆီတို့ လိုအပ်ပါတယ်။

ကန်စွန်းရွက်ကို ချွေ၍ ရေစင်အောင်ဆေးကြောထားပါ။ ပြီးနောက် ပဲပြားကို အတုံးသေးသေးလေးများတုံး၍ နနွင်းမှုန့်၊ ဆားအနည်းငယ်နှင့်နယ်ပြီးလျှင် ကြော်ပြီး ဆီစစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နှင့်ရောကာ ထောင်းထားပါ။

ဒယ်အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။ အနှစ်များမွှေးလာလျှင် ကန်စွန်းရွက်နှင့် ဆည်းထည့်ကာမွှေပြီး မိနစ်အနည်းငယ် အိုးကို အဖုံးဖုံးထားပေးပါ။ ယင်းနောက် ငရုပ်သီးစိမ်းကိုထည့်၍ သမအောင်မွှေပြီးလျှင် မီးဖိုပေါ်မှ ချလိုက်ပါ။ ပြီးလျှင်တော့ သတ်သတ်လွတ် ကန်စွန်းရွက်နှင့် ပဲပြားကြော်ကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:48
Rate this item
(2 votes)