Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese style စီချွမ်ဖက်ထုပ်ချဉ်စပ်

ဖက်ထုပ်ကိုဒေသအလိုက် အမျိုးမျိုးသုံးဆောင်ကြတဲ့ အထဲကမှ Chinese style စီချွမ်ပုံစံဖက်ထုပ်ချဉ်စပ်ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဖက်ထုပ်ရွက်၊ ကြက်သား၊ မုန်ညှင်းဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ပြောင်းဖူးမှုန့်၊ ချင်း၊ နှမ်းဆီမွှေး တို့ လိုအပ်ပါတယ်။


ဖက်ထုပ်ရွက်ပြုလုပ်ဖို့အတွက် ဂျုံမှုန့်၊ ဆား၊ ရေဆူ၊ ဆီ၊ ဂျုံ တို့လိုအပ်ပါတယ်။

 

ဇလုံတစ်လုံးတွင် ဂျုံနှင့်ဆားထည့်ပြီး သမအောင်မွေပါ။ ပြီးလျှင် ရေဆူကိုနည်းနည်းစီထည့်ပြီးဇွန်းဖြင့်သမအောင် မွှေပေးထားပါ။

 

ပြီးနောက် လုံးလာပြီး လက်ဖြင့်ကိုင်၍ရသော အနေအထားရောက်ပါက လက်ဖြင့်နယ်ပေးပါ။

 

ပြီးလျှင် ဂျုံအနည်းငယ်ဖြူးပြီးနယ်ပေးပါ။ ချောမွေ့လာပါက ဆယ်မိနစ်ခန့် ဖုံးအုပ်ပြီးနှပ်ထားပါ။

 

ပြီးနောက် နှပ်ပြီးပါက ဂျုံလုံးကို အရှည်လိုက် လှိမ့်ပေးပြီး ညီတူမျှတူ ပြုလုပ်ထားပါ။

 

ပြီးလျှင် တစ်ပိုင်းဆီကို ဂျုံမှုန့်ဖြူးပြီး ပြန့်နေအောင် လိုချင်သောအနေထားထိဖြန့်လိုက်ပါ။

 

ပြီးနောက် ဂျုံမှုန့်ဖြူးပြီး ထပ်ထားကာ လေလုံအောင်ဖုံးထားပြီးရင်တော့ ဖက်ထုပ်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပါပြီ။

 

ဆော့စ်ပြုလုပ်ဖို့အတွက် ငရုတ်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ နှမ်းဆီမွှေး၊ ကြက်သွန်ဖြူ၊ နှမ်းလှော်၊ သကြား၊ နံနံပင်၊ မြေပဲတို့ကိုထည့်ပြီး သမအောင်မွှေပေး၍ အပေါ့အငန်မြည်းကြည့်ပါ။ ဆီချက် ချက်ပြီးလည်း သုံးစွဲနိုင်ပါတယ်။

 

ငရုတ်ဆီပြုလုပ်ဖို့အတွက် ငရုတ်ကောင်းမှုန့်၊ နာနတ်ပွင့် ကို ဆီထည့်၍ မွှေးလာအောင် ဆီသတ်ပေးပါ။ မွှေးလာပါက ဆီစစ်ပြီး ငရုတ်သီးမှုန့်ထည့်၍ အပူပေးပါ။ မွှေးလာပါက မွှေပြီး မီးဖိုပေါ်မှ ချလိုက်ပါ။


ပထမဦးဆုံး ဖက်ထုပ်ပြုလုပ်ဖို့အတွက် ကြက်သားကို ခပ်နုတ်နုတ်စင်းထားပါ။ ပြီးနောက် မုန်ညင်းဖြူကို ရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။

 

ပြီးလျှင် ကြက်သွန်မြိတ်ကို ခပ်သေးသေးလှီးထည့်ပါ။

 

ပြီးနောက် ဆား၊ သကြား၊ ပြောင်းမှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ချင်းတို့ကိုထည့်ပြီး စေးလာအောင် မွှေပေးပြီး အဖုံးအုပ်၍ ရေခဲသေတ္တာတွင် နာရီဝက်ခန့် ထည့်ထားပါ။

 

ပြီးရင်တော့ ဖက်ထုပ်ဖက်ကို လက်ပေါ်တင်ပြီး နှပ်ထားသောအသားကိုထည့်၍ အနားသားလေးများခေါက်ကာပုံဖော်ပေးပါ။

 

အားလုံးထုပ်ပြီးသွားပါက အိုးတစ်လုံးဖြင့် ရေနွေးတည်ထားပါ။

 

ပြီးနောက် ရေနွေးဆူပွက်ပါက ဖက်ထုပ်များထည့်ပြီးပြုတ်ပေးပါ။ နှစ်မိနှစ်ခန့်ဆူပွက်ပြီးပါက ဆယ်ယူကာပန်းကန်တွင်ထည့်ပါ။ ပြီးရင်တော့ စီချွမ်ဆော့စ်ဖြင့် ဖက်ထုပ်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 02 April 2019 10:54
Rate this item
(1 Vote)