Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီချက်ခေါက်ဆွဲ

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ လုပ်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲလုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်ပစ္စည်းများကတော့ ကြက်သား၊ ခေါက်ဆွဲ၊ ဆီ၊ နှမ်းဖြူ၊ ကြက်သွန်ဖြူကြော်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မြေပဲ၊ ကြက်သွန်မိတ်၊ နာနတ်ပွင့်၊ ဆား၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီးဆော့၊ ဗီနီကာတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နာနတ်ပွင့်တို့နှင့်ရောနယ်ကာ ရေမြုပ်အောင်ထည့်၍ ရေခမ်းအောင်ပြုတ်ပေးထားပါ။

 

ကြက်သားကျက်သွားပြီဆိုလျှင် ကြက်သားကို ထွင်ထားပါ။

 

ခေါက်ဆွဲကို ဆူပွက်နေသော ရေနွေးအိုးထဲတွင် နူးအောင်ပြုတ်ပြီး ဇကာထဲသွန်ရေဆေး၍ ရေစစ်ထားပါ။

 

ပြီးလျှင် မြေပဲကိုလှော်ပြီး အခွံချွတ်၍ မညက်တညက်ထောင်းထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်း၍ ကြွပ်နေအောင်ကြော်ထားပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီကို အပူပေးပြီး ဆီဆူလာပါက မီးကိုလျှော့၍ နှမ်းကို ထည့်ကြော်ပါ။ ကြော်ပြီးပါက မီးဖိုပေါ်မှ ချလိုက်ပါ။

 

ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလေးဖြစ်အောင် လှီးဖြတ်ထားပါ။

 

ဆီချက်ခေါက်ဆွဲစားတော့မယ်ဆိုရင် ပြုတ်ထားသော ခေါက်ဆွဲကိုယူ ဇကာထဲထည့်ကာ ရေနွေးထဲ ခဏစိမ်ပြီး ပြန်ဆယ်ကာ ရေစစ်၍ ပန်းကန်ထဲထည့်လိုက်ပါ။

 

ပြီးလျှင် ကြက်သား၊ ဟင်းခတ်မှုန့်၊ မြေပဲမှုန့်၊ ဆီချက်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်မိတ်တို့ထည့်ပြီး အသင့်သုံးဆောင်နိုင်ပါတယ်။

 

အချဉ်အတွက် ဂေါ်ဖီကို ပါးပါးလေးလှီးပြီး ခရမ်းချဉ်သီးဆော့နှင့် ရောပြီးနယ်ထားပါ။ သို့မဟုတ် ငရုတ်သီးစိမ်းကို ရေဆေးပြီး သေးသေးလေးလှီးကာ ဗီနီကာထဲမှာ မြုပ်အောင်ထည့်ပြီး ပုလင်းထဲတွင် ထည့်၍ စိမ်ထားပါ။

Read times Last modified on Monday, 17 September 2018 13:50
Rate this item
(2 votes)