Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည်မှာ ဖားစားသောက်ကုန် အရှိန်တက်

တရုတ်သည် ဖားများကို ကြာမြင့်စွာကတည်းက စားသောက်ခဲ့ကြသော်လည်း ကျူးဘားနိုင်ငံ၏

ခေါင်းဆောင် ဖီဒယ်ကတ်စထရိုမှ bullfrog ဖားကြီးများကို တရုတ်ပြည်သို့ လက်ဆောင်ပေးခဲ့ပြီးသည့်နောက်တွင် ဖားမွေးမြူရေးနှင့် ဖားအထူးပြုစားသောက်ဆိုင်များ ပေါ်ပေါက်လာစေခဲ့သည်။ ဖားကို ဟော့ပေါ့၊ ထမင်း၊ ခေါက်ဆွဲ အစရှိသည်တို့နှင့် တွဲဖက်စားသုံးကြသည်။

 

တရုတ်မီဒီယာများမှ ခန့်မှန်းသည်မှာ တရုတ်နိုင်ငံတွင် ဖားမွေးမြူခြင်းနှင့် ဖားစားသောက်ကုန်လုပ်ငန်းများသည်

ယွမ်ဘီလီယံ ၅၀ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) ရှိသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Coronavirus ဖြစ်ပွားမှုကြောင့် အာဏာပိုင်များက မွေးမြူရေး တိရစ္ဆာန်များနှင့် မွေးမြူရေး ရေထွက်အစားအစာများကိုသာ ရောင်းချရန် ခွင့်ပြုခဲ့ပြီး ကျန်သည်တို့ကို ပိတ်ပင်ထားခဲ့ရာ  ဖားများ အကျုံး ဝင်မဝင် ဆိုသည်မှာ မသေမချာ ဖြစ်နေခဲ့သည်။

 

 

frogg_02.PNG

 

ထိုသို့ ရှိစဉ် စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ၀ န်ကြီးဌာနမှ ဖားများသည်မွေးမြူရေးရေသတ္တဝါများအဖြစ် သတ်မှတ်ပြီးပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် ဖားလုပ်ငန်းမှာ လုပ်ကိုင်နေသူများ သက်ပြင်းချနိုင်ခဲ့သည်။

 

လတစ်လကြာ ရပ်ဆိုင်းမှုသည် လျင်မြန်စွာ ကျယ်ပြန့် တိုးတက်လာနေသော ဖားလုပ်ငန်းကို သိသာမြင်သာအောင် မီးမောင်းထိုးပြလိုက်သည်။ စားသောက်ကုန်လုပ်ငန်းအတွက် ၀က်ဘ်ဆိုက်ဖြစ်သော New Catering Big Data အရ တရုတ်နိုင်ငံရှိ ဖားအထူးပြု ဖားစားသောက်ဆိုင် ၃၀,၀၀၀ ကို ဖားလုပ်ငန်းက ဖားများ ပေးသွင်းနေသည်။

 

ပထမဆုံး ဖားအထူးပြု စားသောက်ဆိုင်ဖြစ်သည့် Kungfu Froggy စားသောက်ဆိုင်ကို တရုတ်တောင်ပိုင်းရှိ နန်နင်မြို့တွင် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ဖားစားသောက်ဆိုင်ခွဲ ၁၈၀ ကျော်ဖွင့် လှစ်နိုင်ခဲ့သည်။ Kungfu Froggy စားသောက်ဆိုင်ကိုပူးတွဲတည်ထောင်သူ Jennifer Jiang က စားသောက်ဆိုင် ဖွင့်လှစ်စဉ်က ဖားအထူးပြု စားသောက်ဆိုင်ဟူ၍ မည်မည်ရရ တစ်ဆိုင်မှ မရှိခဲ့ချေ။

 

 

frogg_01.PNG

 

"ကျမနဲ့ ပူးတွဲတည်ထောင်သူ Eric Xia က ဟူနန်မှ လာတဲ့သူ ဖြစ်ပါတယ်။ သူက သူ့ဇာတိမြို့မှာ ဖားချက်ပြုတ်ပုံကို ကြိုက်နှစ်သက်တယ်။ဟင်းခတ်အမွှေးအကြိုင် များများနဲ့  အိုးအလုံပိတ်ပြီး နှပ်တဲ့ ချက်နည်းမျိုးကို သုံးကြတယ်။ ကျောက်ပုစွန် စားသောက်ဆိုင်တွေ ဆိုင်ခွဲတွေ ဖွင့်ပြီး လုပ်ကိုင်ကြသလိုမျိုး ဖားစားသောက်ဆိုင်ခွဲတွေ သူ လုပ်ချင်တယ်။ အဲဒီတုန်းက ဟောလီဝုဒ်က ထုတ်တဲ့ Kung Fu Panda ကာတွန်းကား အရမ်း ရေပန်းစားနေတဲ့ အချိန်ဆိုတော့ ဆိုင်အမည်ကို Kungfu Froggy  လို့ အမည်ပေးလိုက်ကြတယ်" ဟု Jennifer Jiang က ပြောပြသည်။

 

"စီချွမ်နှင့်ဟူနန်စတိုင်များဖြင့် ချက်ပြုတ်ထားတဲ့ အိုးအခြောက်ဖားဟင်းတွေနဲ့ ဖားဟင်းချိုတွေ ၁၄ မျိုး ကျမတို့မှာ စီစဉ်ထားတယ်။ ဟင်းအိုးတွေကို ဟင်းသီးဟင်းရွက်နဲ အာလူးကို အခြေခံထားတယ်။ အိုအခြောက်ဖားဟင်း ငရုတ်ကောင်းစိမ်းနဲ့ ရှမ်းနှမ်းပင်ရွက်တွေပါတဲ့ဟာက လူကြိုက်အများဆုံးပဲ။  ကြက်သွန်ဖြူနဲ့စီချွမ်ငရုတ်ကောင်းတွေနဲ့ ချက်တဲ့ဟာကလည်းအရမ်းရောင်းကောင်းပါတယ်" ဟု သူက ပြောသည်။

 

"နောက်ထပ် ဖားဟင်းလျားအသစ်များကိုလည်း ကြံဆဖန်တီးပေးနေတယ်"ဟု သူက ပြောသည်။ ကျောက်အိုးထဲ ပွက်ပွက်ဆူနေသည့် ဖားဟင်းချို၊ ဝက်ဗိုက်သားနှင့်အတူ ချက်ထားသော ဖားဟင်းအစရှိသည်တို့သည် ဖားဟင်း အသစ်များ ဖြစ်သည်။ 

ဆိုင်အတွက် အမြဲနေ့စဉ် လိုအပ်လျက် ရှိသော ဖားများ ရရှိနေစေရန်အတွက် သူတို့၏ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က ဖားမွေးမြူရေးစခန်း နှစ်ခုကို တရုတ်ပြည်မှာ ထူထောင်ခဲ့သည်။ ဂွမ်စီဒေသ တောင်ပိုင်းတွင် ဖားခြံတစ်ခြံနှင့် နန်နင်တွင် ဖားခြံတစ်ခြံ ရှိသည်။ ကျူးဘာမျိုး ဖြစ်သော ဖားကြီး bullfrog များကို မွေးမြူထားသည်။

 

frogg_03.PNG

 

 

ဖားကို ရှေးမင်းများ လက်ထက်ကတည်းက စားခဲ့ကြသည်။ ဂျပန်ဖားမျိုးများနှင့် အမေရိကန်ဖားကြီးမျိုးများကို ငါးလုပ်ငန်း ကောလိပ်များက ၁၉၃၀ မှ ၁၉၆၀ ခုနှစ်ဝန်းကျင်အထိ မွေးမြူးဖို့  အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။ 

 

၁၉၆၀ ဝန်းကျင်တွင် ကွန်မြူနစ်နိုင်ငံများ ဖြစ်သော ကျူးဘားနှင့် တရုတ်ပြည်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ထူထောင်ခဲ့ရာ ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုက တရုတ်ခေါင်းဆောင် မော်စီတုန်းကို လာရောက် တွေ့ဆုံသည်။ ကပ်စထရိုက ကျူးဘားတွင် မွေးမြူထုတ်လုပ်သော ဖားကြီးများကို ပေးသည့်အပြင် မွေးမြူနည်း အတတ်ပညာကိုပါ သင်ယူခွင့် စီစဉ်ပေးသည်။ မော်စီတုန်းက ပီကင်းဘဲများကို ကျူးဘားသို့ ပို့ပေးပြီး မွေးမြူနည်းကို သင်ယူဖို့ သင်တန်း စီစဉ်ပေးခဲ့သည်။ ထို့အပြင် စပါးစိုက်ပျိုးနည်းကိုလည်း သင်တန်းပေးခဲ့သည်။ 

 

အတိအကျ ဆိုရလျှင် ကျူးဘားမှ ဖားကြီး bullfrog အကောင် ၄၀၀ သည် ၁၉၆၂ ခုနှစ်တွင် တရုတ်ပြည်သို့ ရောက်ရှိလာသည်။ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမှ  ချက်ကိုစလိုဗက်ဂီးယား မြို့တော် ပရပ်(ဂ်) သို့ရောက်သည်။ ထို့မှ တစ်ဆင့် ရုရှားနိုင်ငံ မြို့တော် မော်စကိုသို့ ရောက်သည်။ ထိုမှတစ်ဆင့် တရုတ်နိုင်ငံမြို့တော် ဘီဂျင်းသို့ ရောက်သည်။ လေယာဉ်အဆင့်ဆင့် ပြောင်းတင်ပေးခဲ့ရာ လမ်းခရီးတွင် ၅ ရက်ကြာခဲ့သည်။ လမ်းခရီးမှာ ၁၁ ကောင် သေဆုံးသွားခဲ့သည်။ ကျန်သည့်ဖားများကို ဂွမ်ကျို၊ နန်နင်နှင့် ရှန်ဟိုင်း မြို့များသို့ ခွဲဝေပေးပို့ပြီး မွေးမြူခဲ့ကြသည်။

 

ဖားကြီးကို ကောင်းကောင်း မွေးမြူတတ်သွားကြပြီး ဖားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်သည်။ ဖားကို ချက်စားပုံများလည်း ကြံဆချက်ပြုတ်နိုင်ခဲ့ကြသည်။ ရှန်ဟိုင်းတွင် ဖားကို ကြော်စားကြသည်။ ပြုတ်ပြီး ဖားဟင်းချို ချက်ကြသည်။ ဂွမ်ဒေါင်တွင် ရေနွေးငွေ့ဖြင့် ပေါင်းပြီး ထမင်းနှင့် စားကြသည်။  အရှေ့မြောက်ပိုင်းတွင် ဖားကို အာလူးနှင့် ဟင်းချက်စားကြသည်။ ခေါက်ဆွဲပြုတ်ထဲ ထည့်ပြုတ်၍လည်း စားကြသည်။ ဖားသည် အမျိုးသား ဟင်းလျာ ဖြစ်လာသည်။

 

 

 frogg_04.PNG

 

အမေရိကန်သမ္မတ ရော်နယ်ရီဂင်ကို ဧည့်ခံသည့် ထမင်းစားပွဲတွင် ဖားပေါင်ကြော်ဟင်းလျာ ပါသည်။ ဆီများများထဲ နှစ်၍ ကြော်ထားသော ဖားပေါင်ကြော် ဖြစ်သည်။ 

 

Fashion King သည် ဆိုင်ခွဲပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ထားသော ဖားစားသောက်ဆိုင်လုပ်ငန်းဖြစ်သည်။ Fashion King ၏ ကိုယ်ပိုင်မူဟန် ဖားဟင်းလျာမှာ အသားထူထူကြေးသတ္တုအိုးကြီးဖြင့် ချက်ပြုတ်ထားပြီး အိုးကို စားပွဲပေါ် ချပြီး တည်ခင်းသည်။ ဖားကြော်ကို တိုဖူး၊ ဟင်းရွက်တို့ဖြင့် အတူ ထည့်ပေးထားသည်။

 

frogg_05.PNG

ဖားကို ဆီများများထဲ နှစ်မြှုပ်၍ ကြော်ပြီးမှ ချက်သည်။ ဖားအသား အရသာက အရည်ထဲ ရောက်သွားသည်။ အရည်အနှစ်တွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မိတ်နှင့် ငရုတ်သီးပွ အစိမ်းနှင့် အနီတို့ကို ထည့်ပေးထားသည်။

ဖားကို ရသာမွန်ဟင်းလျာတစ်မျိုးအဖြစ် လူကြိုက်များသည်။ အီးကောမတ်စ် ပလက်ဖောင်း  Missfresh သည် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို အွန်လိုင်း ရောင်းချသည်။ ဖားအခြောက်ချက်ဟင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ရောင်းချသည်။ မှာကြားဝယ်ယူသူတို့သည် ဖားကို မိုက်ခရိုဝေ့ဖ်ထဲတွင် ၂ မိနစ် ချက်ပြီး စားဖို့ အသင့်လုပ်ပေးထားသည်။ ခုချက် ခုကျက် ခုစား အသင်စား ဖားစားသောက်ကုန် ဖြစ်သည်။ 

 

ဖားကြီး bullfrog စားသုံးမှု များပြားလာသည့်အလျောက် ဖားမွေးမြူရေးကိုလည်း ကျန်းမာရေးနှင့် ညီညွှတ်အောင် အထူးဂရုတစိုက် လုပ်ကိုင်ကြရသည်။ ဖားသည် တစ်ကောင်လုံးနီးပါး အသုံးဝင်သည်။

 

 Jennifer Jiang က “"Bullfrog  ဖားကြီးသားသည် အာဟာရပြည့်ဝတယ်။ ကျန်မာရေးအတွက် အမဲသားထက်  ပိုကောင်းပါတယ်။ ဖားအရေခွံကလည်း လုပ်တတ်ရင် သားရေတစ်မျိုးပါပဲ။ အတွင်းကလီစာတွေကလည်း ရိုးရာ ဆေးပညာအရ ဆေးဘက်ဝင်တယ်။ ဖားလုပ်ငန်း ဖွံ့ဖြိုးသွားပြီးရင် ဖားတစ်ကောင်လုံး တန်ဖိုး ရှိတာတွေချည်း ဖြစ်နေမယ်" ဟု ပြောသည်။

 

"အစောပိုင်းကာလတုန်းက ဖားတွေကို ဖူကျင်နဲ့ ဂွမ်ဒေါင် ပြည်နယ်တွေမှာ အများဆုံး မွေးခဲ့ကြတယ်။ အဲဒီ ဖားမွေးမြူရေး စခန်းတွေမှာ မြေကြီးကို တူးထုတ်ပစ်ပြီး ကန်ငယ်လေးတွေ ဖြင့်  bullfrog တွေကို မွေးကြတယ်။ အဲဒီမှာ ပြဿနာ ရှိတယ်။ ဖားတွေ စွန့်ပစ်တဲ့ အညစ်အကြေးတွေက ကန်အစွန်းမှာ စုပုံပြီး တွယ်ကပ်နေတာ ဖယ်ရှားပေးဖို့ ခက်ခဲလို့ သန့်ရှင်းရေး လုပ်ပေးဖို့ မလွယ်ကူဘူး" ဟု သူက ပြောပြသည်။

"ဖားတွေက အဖော်အသင်းနဲ့ပဲ နေကြတော့ တစ်ကောင်နဲ့တစ်ကောင် နီးနီးကပ်ကပ် နေကြတယ်။ တစ်ကောင်မှာ ရောဂါဝင်ရင် ကျန်တဲ့အကောင်တွေကို ကူးစက်ကုန်တယ်။ အကုန်လုံး ရောဂါရကုန်တယ်။ ဖားမွေးတဲ့သူတွေက ဆေးနဲ့ကုတယ်။ ဆေးကြောင့် ဖားအသားရဲ့ အရသာ ပျက်ကုန်တယ်" ဟု သူက ပြောပြသည်။

 

၂၀၁၆ ခုနှစ်တွင် တရုတ်ပြည် အရှေ့ပိုင်းရှိ ဇီချန်ပြည်နယ်တွင်  bullfrog မွေးမြူရေးစခန်း အချို့ကို အစိုးရက ပိတ်ပစ်သည်။  ဖားများကြောင့် ရေထုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဆိုးဝါးကုန်သောကြောင့် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဖူကျင်ပြည်နယ်မှ အာဏာပိုင်တို့က အချို့မြို့နယ်များရှိ ဖားမွေးမြူရေးစခန်းများကို ပိတ်ပစ်သည်။ ဖားမွေးမြူရေး စခန်းအသစ်များကိုလည်း ခွင့်မပြုတော့ချေ။ သို့ဖြစ်ရာ ဖားမွေးမြူရေးသမားများ အခြားသက်မွေးအလုပ်ကို ပြောင်းလဲလုပ်ကိုင်ကြရသည်။

Kungfu Froggy ဖားစားသောက်ဆိုင် လုပ်ငန်းတွင် ဖားမွေးမြူရေးစခန်း နှစ်ခုရှိသည်။ "ဟူနန် စိုက်ပျိုးရေး တက္ကသိုလ်မှ ကျမတို့နဲ့ ပူးပေါင်းလုပ်ကိုင်ပေးတယ်။ သူတို့ ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဖြစ်အောင် လုပ်ရတယ်။ အဲဒီသတ်မှတ်ချက် စံကို ဒေသဆိုင်ရာ အာဏာပိုင်တွေက အသိအမှတ်ပြုတယ်။ ကန်တွေအတွက်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ကိုင်ရတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ရှေ့ရှုပြီး ဖားမွေးမြူရေး ကန်တွေ ထားဖို့ မြေနေရာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ချပေးတယ်" ဟု  Jiang က ပြောပြသည်။

 

 frogg_06.PNG

ဖားဟင်းလျာများ စားသုံးမှု မြင့်တက်လာနေသည့်အတွက် ဖားစားသောက်ကုန်လုပ်ငန်း ကဏ္ဍသည်လည်း အလျဉ်မီစေဖို့ အရှိန်တင်ပြီး လုပ်ကိုင်နေကြသည်။ ဖားစားသောက်ကုန်လုပ်ငန်းကဏ္ဍသည် အရွယ်အစား ကြီးမားနေပြီဖြစ်သော်လည်း နောက်ထပ် ကြီးထွားဖို့ နေရာများ ကျန်နေသေးသည်ဟု   Jiang က သုံးသပ်သည်။

 

scmp.com

Read times Last modified on Sunday, 15 November 2020 10:20
Rate this item
(0 votes)