Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ချိုချဉ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်ပြီး

ထမင်းစားလည်းမြိန်စေမည့် ကြက်သားချိုချဉ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်ဥ၊ ကြက်သွန်နီ၊ ပဲသီး၊ ပဲစိမ်းသီး၊ မုန်လာဥနီ၊ မှို၊ ဘရိုကိုလီ၊ ချင်း၊ ဂျုံမှုန့်၊ ကြက်သားမှုန့်၊ ကြက်သွန်မြိတ်၊ သံပရာရည်၊ ပဲငံပြာရည်၊ သကြား၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။

 

ခရမ်းချဉ်သီးဆော့စ်အတွက် သကြား၊ ရေ၊ ကော်မှုန့်၊ နာနတ်ရည်၊ ပဲငံပြာရည်၊ သံပရာရည်နှင့် ဆားတို့ကို ရောပြီးကျိုထားပေးပါ။

 

ပထမဆုံး ကြက်သားကို အနေတော် အတုံးလေးတွေတုံးပြီး သန့်စင်အောင် ရေဆေးပါ။ ပြီးလျှင် ဆား ကြက်သားမှုန့်တို့နဲ့  အရသာ နယ်ထားပေးပါ။

 

ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာများကို ခွာပေးထားပါ။

 

အခြားဟင်းသီးဟင်းရွက်တွေကိုလည်း ရေဆေးပြီး အနေတော်လေးတွေ လှီးဖြတ်ထားပါ။

 

ကြက်သွန်မြိတ်ကို တစ်လက်ခန့် ပိုင်းဖြတ်ထားပါ။ ချင်းကိုအခွံခွာပြီး ခပ်သေးသေးလေးတွေ လှီးထားပါ။

 

အရသာနယ်ထားတဲ့ ကြက်သားကို ကြေအောင်ခေါက်ထားတဲ့ ကြက်ဥအရည်ထဲနှစ်ပြီး ဂျုံမှုန့်နှင့် ကပ်လူးပေးပါ။

 

ဆီကို ဒယ်အိုးထဲထည့်ကာ အပူပေးပါ။ ဆီပူပူမှာ ဂျုံမှုန့်လူးထားသော ကြက်သားကို ရွှေဝါရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ။

 

အခြားဒယ်အိုး တစ်လုံးကို ဆီအနည်းငယ်ထပ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ချင်းသေးသေးလေးတွေကို ဆီသတ်ပြီး ဟင်းသီးဟင်းရွက်တွေကို ထည့်ကြော်ပါ။

 

အရွက်များ အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပြီးကြော်ပေးပါ။

 

ပြီးလျှင် ကျိုထားသော ချိုချဉ်ဆော့စ်ရည်လောင်းထည့်ပေးပါ။

 

ဟင်းသီးဟင်းရွက်များ အရမ်းမနူးခင် ကြက်သွန်မြိတ်လေး ဖြူးပေးပြီးပါက ကြက်သားချိုချဉ်ကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:49
Rate this item
(2 votes)