Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese style ဂဏန်းခွက်ကြော်

ဂဏန်းခွက်ကြော်စားချင်ရင် ဆိုင်ကို သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဂဏန်းသား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ပေါင်မှုန့်ခြောက်၊ ကော်မှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဂဏန်းအခွံကို ခွါယူပါ။ ဂဏန်းကနေ အသားနွှာလို့ရသလို ဂဏန်းအသားချည်းပဲကို စီးတီးမတ်မှာ ဝယ်လို့လဲရပါတယ်။

 

ပြီးလျှင် အခွံကိုချွတ်ယူပြီး ဂဏန်းကို ဟင်းချက်စားပါ။

 

ပြီးနောက် ကြက်သွန်၊ မုန်လာဥတို့ကို ဆီနည်းနည်းနဲ့ကြော်ပေးပါ။

 

ပြီးလျှင် နှစ်မိနစ်ခန့်ကြော်ပြီး ဂဏန်းသားထည့်ကြော်ပေးပါ။

 

Read More >>>>>  ထိုင်းစတိုင် ကြက်သားဆာတေး

 

ပြီးနောက် နှစ်မိနစ်ခန့်ဆက်ကြော်ပြီးရင် ငရုတ်ကောင်း၊ ကြက်သွန်မြိတ်တို့ ထည့်လိုက်ပါ။ ပြီးနောက် ကြော်ပြီးသားအရောများကို ကြက်ဥ၊ ကော်မှုန့်၊ ပေါင်မှုန့်ခြောက် ၊ ကြက်သားမှုန့်၊ ဆားတို့နဲ့ရောမွှေပေးပါ။

 

အဲဒီအရောကို ဂဏန်းအခွံလေးများထည့်ပြီး ဖြည့်ပေးပါ။ အရမ်းပြည့်နေစရာမလိုပါ။ ကြော်လိုက်ရင် အနည်းငယ်ဖောင်းကြွလာမှာပါ။

 

ပြီးလျှင် ဆီပူထဲကို ဂဏန်းအခွံဘက်ကို အောက်ဖက်ထားပြီး ကြော်ပါ။ အပေါ်ကို ဆီပူအနည်းငယ်စီ လောင်းပေးပါ။

 

တစ်မိနစ်ခန့်ကြော်ပြီးရင် တစ်ဖက်ကိုလှန်ပြီး မိနစ်ဝက်ခန့်ကြော်ပေးပါ။ ပြီးပြီဆိုရင်တော့ ဂဏန်းခွက်ကြော်ပူပူလေးကို အရသာရှိစွာ နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက်စားသုံးနိုင်တယ်။

 

Read times Last modified on Friday, 31 May 2019 17:28
Rate this item
(1 Vote)