Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်ကျိုးကနစို ပေါ်ဦးပေါ်ဖျား ဈေးပိုရ

ကွမ်ကျိုးကနစို ပေါ်ဦးပေါ်ဖျား ဈေးပိုရ 

ကွမ်ကျိုး ဇူလိုင်လသည် လိုင်ချီးသီးရာသီ ကုန်ဆုံးပြီး ကနစိုသီးများ တစ်ဖွဲဖွဲရောက်လာသော လဖြစ်သည်။

ပေါ်ဦးပေါ်ဖျား ဖြစ်သဖြင့် အသီးများ များများစားစား မရင့်မှည့်ကြသေးသဖြင့် အနည်းကျဉ်းသာ ဈေးကွက်ထဲ ရောက်လာသည်။ ယခင်နှစ် ကနစိုရာသီ ပေါက်ဈေးထက် ယခုအခါ ၃၀% မှ ၄၀% ဈေးပိုကြီးနေသည်။ ယခု တစ်ကီလို ၂၄ ယွမ် ပေါက်ဈေးရှိသည်။ ပေါ်ဦး‌ေပေါ်ဖျားဖြစ်၍ ဈေးကောင်းနေဆဲ ဖြစ်သည်။ 

တိုင်ဖုန်းမုန်တိုင်းထိထားသဖြင့် ကွမ်ကျိုး ကနစိုသီး ယခုနှစ် အထွက်လျော့ကျမည်။ ဆွတ်ခူးချိန်လည်း တစ်ပတ်နောက်ကျသွားသည်။ 

 

China News Service မှ ဖော်ပြသော သတင်းအရ ကွမ်ကျိုးသည် Chuliang ကနစို မွေးဖွားရာအရပ်ဖြစ်သည်။ တရုတ်ပြည်မှာ ကနစိုမွေးရပ်မြေဟု သိကြသည်။ စိုုက်ပျိုးခဲ့ကြသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၂၀၀ ကတည်းက ဖြစ်သည်။ ယခုအခါ ကနစို စိုက်ခင်း ဧရိယာ ၂၁,၃၃၃ ဟက်တာ ရှိသည်။ Chuliang နှင့် Shijiao မျိုးနှစ်ခု စိုက်ပျိုးကြသည်။ တစ်နှစ်လျှင် တန်ချိန် ၁၈၀,၀၀ ထွက်သည်။ အရည်အသွေး အကောင်းဆုံး Chuliang  ကနစို စိုက်ခင်းဧရိယာ ၁၇,၃၃၃ ဟက်တာ ရှိသည်။ 

 

ကနစိုကို အစိုနှင့် အခြောက် နှစ်မျိုး ထုတ်လုပ်သည်။ ထုပ်ပိုးပြင်ဆင်ခြင်းကို တစ်နှစ်လျှင် တန်ချိန် ၁ သိန်းကျော်အထိ လုပ်ကိုင်ကြသည်။ 

ကွမ်းကျိုးမှ   ကနစိုစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း Jigongling Fruit Farm ကနစိုဆွတ်ခူးခြင်းကို ဇူလိုင်လ ၈ ရက်တွင် စတင်ခဲ့သည်။ နေ့တိုင်း မခူးဖြစ်ချေ၊ အသီးရင့်မှည့်သည့် အနည်းအများအပေါ် မူတည်ပြီး ဆွတ်ခူးသည့်ရက် နားသည့်ရက် ရှိသည်။ စိုက်ခင်းတွင် လာဝယ်ကြသည့် ဈေးနှုန်းမှာ Shixia ကနစိုသည် တစ်ကီလို ၅ ယွမ် ဖြစ်သည်။ Chuliang  ကနစိုသည် တစ်ကီလို ၆ ယွမ် ဖြစ်သည်။ 

စိုက်ခင်းမှ ဝယ်ယူပြီးသည့်နောက် Guangxi Fruit Wholesale Market သို့ နေ့စဉ် ပေးပို့ကြသည်။ လက်ကားဈေးကြီးအတွင်း အဝင်များနေပြီး အဝယ်နည်းသည့်အခါ ပိုနေသည့် ကနစိုများကို အခြောက်ခံ ထုတ်လုပ်မည့်သူများထံ ရောင်းချကြသည်။ 

ကွမ်ကျိုးမှ Chuliang ကနစိုကို ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို အပါအဝင် နိုင်ငံအချို့တို့တွင်လည်း စိုက်ပျိုးကြပါသည်။ 

 

 #MyanmarFoodIndustryGuide

Telegram Channel
https://t.me/Guid4U

Source: ifreshfair.com

Read times
Rate this item
(0 votes)