Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဲသားဆီပြန်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဘဲသားကြိုက်နှစ်သက်သူများအတွက်

အဆင်ပြေစေမည့်အပြင် ချက်ရတာလွယ်ကူပြီး ထမင်းမြိန်စေတဲ့ ဘဲသားဆီပြန်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဘဲသား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအခြောက်တောင့်၊ ဆား၊ ဆီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ မဆလာတို့ ပါဝင်ရမှာ ဖြစ်ပါတယ်။

 

ပထမဆုံး ဘဲသားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ။ ပြီးလျှင် တုံးထားသော ဘဲသားကို ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်တို့ဖြင့် ရောနယ်ပြီး နှပ်ထားပေးပါ။

 

ပြီးနောက် ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးပေးပါ။ ငရုတ်သီးအခြောက်တောင့်ကို အညှာခြွေပြီး ရေစိမ်ထားပါ။

 

ပြီးလျှင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းပေးပါ။

 

ပြီးနောက် ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ။ ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာပါက နှပ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ။

 

 

ဘဲသား အပေါ်ယံကြောတွေမာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကို ပိတ်ကာ တည်ပေးပါ။ ဆီသံလေး ကြားလာတာနဲ့ အိုးမကပ်စေရန် အိုးကိုအသာလေး လှုပ်ပေးပြီး  ရေအနည်းငယ်ထည့်၍ တည်ထားပေးပါ။

 

ထည့်ထားသော ရေခမ်းတာနဲ့ ဘဲသားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ။ ဘဲသားနူးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီကျန်ရေကျန်ရအောင် တည်ပေးပါ။

 

ဆီကျန်ရေကျန်အနေတော်ရသွားပြီဆိုမှ မဆလာအုပ်ပြီး နှံ့အောင်မွှေပေးကာ ဆီပြန်အောင် တည်ပေးပြီးလျှင်တော့ အရသာရှိသော ဘဲသားဆီပြန်ဟင်း မွှေးမွှေးလေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 14:38
Rate this item
(2 votes)